"Happy Ending ..."
လွှမ်းဧရိယာ ကျောင်းသွားတက်နေခဲ့သည့် ဒီနှစ်တွေထဲမှာ စမ်းရေအေးကလည်း အလုပ်ကိစ္စတွေနဲ့ ပိုရင်းနှီးလာခဲ့ပြီး ကိုယ်တိုင်ဦးဆောင်နိုင်လာသည်။ အချိန်ရသည့်အခါ တစ်နှစ်ကို နှစ်ခါလောက်တော့ ယောက်ျားဖြစ်သူဆီ သွားလည်မိသည်။
တစ်ခါတစ်ရံတော့ မြသစ်နွေယံနဲ့ သော်တာယုယတို့ နှစ်ယောက်က စမ်းရေအေးနဲ့အတူ အဖော်လိုက်ပေးတတ်သည်။ အဖော်လိုက်ပေးတယ် ဆိုတာထက် သူတို့နှစ်ယောက်က သက်သက်မဲ့ အပျော်ခရီး ထွက်ကြတာမျိုးပင်။ ဟိုရောက်တာနဲ့ လွှမ်းဧရိယာဆီမှာ ခဏသာ မျက်နှာပြကြပြီး နှစ်ယောက်သားက လျှောက်လည်နေတတ်ကြသည်။
စမ်းရေအေးကသာ လွှမ်းဧရိယာအနားမှာ တစ်ချိန်လုံး တွယ်ကပ်ကာ နေခဲ့တာဖြစ်သည်။ လွှမ်းဧရိယာ တက်နေသည့် ကျောင်းဆီသို့ လိုက်လည်သည်။ အချိန်ရရင်တော့ တခြားနေရာတွေကို လွှမ်းက လိုက်ပို့ပေးတတ်သည်။ နှစ်ယောက်သား တစ်နေကုန် လျှောက်သွား လျှောက်စားပြီး အလည်လွန်ရာကနေ အိမ်ပြန်ရောက်လာတဲ့အခါ ညနက်ချိန်တွေချည်းပင်။
အိမ်ပြန်ရောက်ရင်လည်း နှစ်ယောက်သားက ညဘက် အိပ်စက်ဖို့ကိစ္စကို သိပ်မတွေးဖြစ်ကြ။ အိပ်ရာပေါ်မှာ ချစ်ကြဖို့ အတိုးချပြီးတော့သာ ကြိုးစားဖြစ်ကြသည်။
လွှမ်းက ကျောင်းသားအဆောင်မှာ နေတာမဟုတ်။ သူနေဖို့ အိမ်တစ်လုံး ကို သပ်သပ်ငှားထားတာ ဖြစ်သည်။ တစ်ခါတလေတော့ သူ့ေကျာင်းက သူငယ်ချင်းတွေ ညအိပ်ညနေ လာနေတတ်သည်။ စမ်းရေအေး လာလည်သည့် ရက်တွေဆိုရင်တော့ ဘယ်သူ့ကိုမှ အလာမခံတော့ပေ။
ဘယ်သူပဲဖြစ်ဖြစ် အိမ်ရှေ့ရောက်လာတာနဲ့ လွှမ်းတို့က ပြန်လွှတ်တတ်သည်။ သူ့သူငယ်ချင်း ဆိုတာတွေကလည်း နိုင်ငံအစုံ လူမျိုးအစုံပင်။သူ့မှာ အိမ်ထောင်ရှိပြီး ယူထားတာကလည်း ယောက်ျားလေး ဖြစ်ကြောင်း သူငယ်ချင်းတွေကလည်း သိထားသည်။ တစ်ခါတရံ လွှမ်းနဲ့ Video call ပြောဖြစ်တဲ့အခါ စမ်းရေအေးကို သူတို့ကလည်း မြင်ဖူးထားကြသည်။
တစ်နေရာစီ နေဖြစ်တဲ့အခါ နေ့တိုင်း မက်ဆေ့ပို့ပြီး နေ့တိုင်း ဖုန်းပြောသည်။ အိမ်က မိသားစုနဲ့ ဖြိုးကုဋေဆီ အဆက်အသွယ်လုပ်တာက တစ်ခါတလေမှ။ ယောက်ျားဖြစ်သူ စမ်းရေအေးကိုတော့ နေ့စဉ် ဝတ္တရား မပျက်စေရ။ တစ်ခါတစ်ရံဆို နှစ်ယောက်သား လိုင်းပေါ်ကနေ sex chat ဖြစ်ကြသေးသည်။
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ