7_U

70.1K 7.4K 814
                                    

မိန်းမခိုးပြေးမည့် သူငယ်ချင်း အရင်းကြီး အတွက် လွှမ်းဧရိယာတို့ ပါရမီ ဖြည့်‌ေပးရသည်။ သူကိုယ်တိုင် ကားမောင်း၍ မြောက်ဒဂုံထဲက တိုက်ခန်းဆီ လိုက်ပို့ပေးရန် လုပ်သည်။

ရပ်ကွက်လမ်းထိပ်မှာ လွှမ်းနဲ့ ကုဋေတို့ ကားရပ်ထားကာ စောင့်နေကြရသည်။ သက်နှင်းစံ ထွက်လာမည်ကို သူတို့ မျှော်နေမိကြသည်။
အချိန်က မှောင်စပြုချိန် ခြောက်နာရီ ကျော်ကျော်။
တကယ်တမ်း ရောက်ချလာတော့ သက်နှင်းစံ တစ်ယောက်တည်း မဟုတ်ပါ။ သူ(မ)ဘေးမှာ စမ်းရေအေးလည်း ပါလာခဲ့လေသည်။

“ဒါက ဘယ်လို ဖြစ်တာလဲ မမ...”

“အမေလေ ...လမ်းထိပ်လေး ခဏ သွားမလို့လို့ ပြောတာကို၊
ရေအေးကိုပါ ခေါ်သွားတဲ့။ လမ်းထဲက ကောင်တွေ လိုက်စကားပြောမှာစိုးလို့ အဖော် အတင်း ထည့်ပေးလိုက်တာ။”

“ဪ ...”

ဖြိုးကုဋေက အကြောင်းရင်းကို သိပြီးတာနဲ့ သက်နှင်းစံ လက်ကို ဆွဲကာ ကားဆီ ခြေလှမ်းသည်။

“ရေအေး နင်အိမ်ပြန်တော့ ...”

“ဗျာ ...”

သက်နှင်းစံတို့ သုံးယောက်သားက ကားပေါ် တက်ကြတော့မည့်ပုံစံ။
စမ်းရေအေး တစ်ယောက်တည်း လမ်းပေါ်မှာ ငေးကြောင်လျှက်သား ရပ်တန့်နေလျှက်။ သူ အခုထိ ဘာမှ နားမလည်သေးပေ။

“မကြီးက ဘယ်လဲ။ ဘယ်သွားမလို့လဲ။”

“ငါ ကုဋေနဲ့ ခိုးရာလိုက်မှာ ...”

“ဟာ ...မကြီး။ ဒေါ်လေးတို့ သိရင် ပြဿနာတက်လိမ့်မယ်လေ ...”

“သူသိရင်လည်း ငါတို့ကို သဘောတူမှာမှ မဟုတ်တာ။”

သက်နှင်းစံက ပြန်လှည့်လာပြီး မောင်ဖြစ်သူ ပုခုံးကို လာဖက်ကာ တီးတိုးဆို၏။

“ငါ့မှာ အခု ကိုယ်ဝန်ရှိနေပြီ။”

“ဗျာ ...”

“ငါတို့ ချက်ချင်းယူမှ ဖြစ်တော့မှာ။”

“ဒါဆိုလည်း ဒေါ်လေးတို့ကို အရင်ဖွင့်ပြောပြီး ...”

“မရလို့ပေါ့ဟဲ့။ ငါ့အမေက လက်သင့်ခံမယ် ထင်လို့လား။
ငါ့အမေ သဘော မတူ မချင်း ဒီဗိုက်က ဒီတိုင်းနေမယ် ထင်လို့လား။
တဖြည်းဖြည်း ပူလာရင် ပြဿနာတက်လိမ့်မယ်။ ရပ်ကွက်ထဲမှာလည်း အရှက်ကွဲလိမ့်မယ်။ နင် ငါ့ကို နားလည်ပေးစမ်းပါ။ နော် မောင်လေး ...”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now