21_U

72.4K 7K 1.2K
                                    

လွှမ်းဧရိယာ တစ်ယောက်တည်း ဝရံတာမှာ ထွက်ရပ်၍ ဆေးလိပ်သောက်နေခဲ့သည်။ ထိုဝရံတာက သူတို့ အခန်းနဲ့ ဆက်ထားသည့်နေရာ။
အတွင်းခန်းနဲ့ အပြင်ဝရံတာက မှန်တံခါးချပ်‌ေတွသာ ခြားတာမျိုး ဖြစ်၏။ အခန်းထဲမှာ စမ်းရေအေး ရှိနေတာကြောင့် လွှမ်းက အပြင်ထွက်သောက်‌ေနခြင်းပင်။ သူ့ရဲ့ ရေအေးလေးက ဆေးလိပ် သောက်တတ်သည့်လူ မဟုတ်။ သူများသောက်သော အငွေ့နဲ့တင် ချောင်းထဆိုးနေတတ်သည့် လူရိုးလေး ဖြစ်သည်မို့။

“လွှမ်းငယ် ...”

စမ်းရေအေးက အပြင်ထိ ထွက်လာပြီး လွှမ်းကို ခေါ်သည်။ စမ်းရေအေး ထွက်လာတာ မြင်လိုက်တော့ လွှမ်းက ဆေးလိပ်မီးကို ထိုးချေ သတ်ချလိုက်မိရသည်။ အနီးအနားမှ အငွေ့တချို့ကိုပါ လက်နဲ့ ယပ်ခတ်သလိုလေး ဖယ်ရှားလိုက်မိသေး၏။ သူ့ရဲ့ ရေအေးလေး ရှူရိှုက်မိနေမှာကို စိုး၍သာ။

“ဘာလဲ ရေအေးလေး။”

“ပြောစရာ ရှိလို့။”

“အင်း ...ဆို ...”

ဝရံတာဘောင်တန်း အပေါ်ကို လက်တစ်ဖက်ထောက်ကာ လွှမ်းက စမ်းရေအေးကို ရပ်ကြည့်နေခဲ့၏။

“အန်တီသွေးက ဆွမ်းကျွေးအလှူကျရင် ဝတ်ဖို့ ဝတ်စုံတွေ သူ့ဆိုင်မှာ အဆင် လာရွေးပါလားတဲ့ လွှမ်းငယ်။”

ဒေါ်နဒီသွေးရဲ့ ပိုးထည်တိုက်သို့ လိုက်သွားရန် လွှမ်းဧရိယာဆီမှာ စမ်းရေအေး ခွင့်တောင်းရသေး၏။ ဒေါ်နဒီသွေးက အားကြိုးမာန်တက် ဖြစ်နေသော်လည်း လွှမ်းဧရိယာ လက်မခံမှာစိုး၍ ကိုယ်တိုင် မပြောရဲ။
စမ်းရေအေးကိုသာ ကြားကနေ ပြောလိုက်ခြင်းပင်။

ဘာပဲဖြစ်ဖြစ် သတို့သားနှစ်ယောက်လုံး အတွက် ဝတ်စုံတွေက ဝယ်ရမည်သာ။ လွှမ်းဧရိယာက မိထွေးဖြစ်သူကို သဘောမကျ၍ သူ(မ)ပေးမည့် အရာမှန်သမျှ လက်ခံဖို့က သိပ်တော့ မဖြစ်နိုင်။

“အင်း သွားမယ်လေ။ အဲ့မှာပဲ ‌ေရွးကြတာပေါ့။”

ထင်မထားမိပါ။ လွှမ်းဧရိယာက အသာတကြည်ပဲ လက်ခံလိုက်လေသည်။

“တကယ်လား။”

“ဘာကို တကယ်လားလဲ။”

“အန်တီသွေးက ပေးတာဆို မင်းမလိုချင်ဘူးလားလို့ပါ။ လက်မခံ‌ေလာက်ဘူး ထင်လို့။”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now