35_U (Ending)

87.9K 7.3K 1K
                                    

နှစ်တိုင်း ပြုလုပ်တတ်သည့် ဦးလွှမ်းဒီယံ၏ လေးနှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူ ရှိနေတာကြောင့် အိမ်ရှိ လူကုန် ဘယ်သူမှ မအားလပ်ကြပေ။ ဧည့်သည်တွေကို တည်ခင်းဧည့်ခံမှာက အိမ်ကြီးထဲမှာ ဖြစ်ပြီး အိမ်လေးထဲမှာတော့ မိသားစုနဲ့ အပြင်လူ အနည်းငယ်ကသာ တရားနာကြမှာ ဖြစ်သည်။

သော်တာယုယ၊ ကိုလင်းသစ်နဲ့ ဖြိုးကုဋေတို့ပါ တရားနာရန် ရှိနေကြ၏။
သည်လူတွေက ဒီအိမ်မှ လူတွေနဲ့ အရင်းနှီးဆုံး၊ အနီးကပ်ဆုံး လူတွေပင်။ သော်တာယုယအား မြသစ်နွေယံက ဖိတ်ထားခဲ့သည်။ ဦးငယ်လေး လွှမ်းဒီယံ မဆုံးခင်က ဖြိုးကုဋေလည်း ဒီအိမ်ကို တစ်ခါတလေ ရောက်လာခဲ့ဖူးသည်။ သူလည်း ဦးငယ်လေးနဲ့ ရင်းနှီးခဲ့ဖူးသူ တစ်ယောက်ပင်။ ကိုလင်းသစ်ကတော့ ဒေါ်မြသစ်မာလာရဲ့ ဖိတ်ကြားမှုကြောင့် ရောက်လာခဲ့ခြင်း ဖြစ်ပြီး လွှမ်းဒီယံနဲ့ အနီးကပ်ဆုံး ဖြစ်ခဲ့ဖူးသူ တစ်ယောက်ပဲမို့။

တရားနာခြင်းအမှု ပြီးဆုံးသွားပြီးနောက် အိမ်ကြီးဘက်သို့ အားလုံးပြန်ရောက်လာခဲ့ကြ‌သည်။ တရားဟော ဆရာတော်ကြီးတွေ ဘုဥ်းပေးသုံးဆောင်ချိန် ပြီး၍ ပြန်ကြွသွားခဲ့ကြပြီးနောက် ဧည့်သည် အနည်းငယ်သာ ကျန်ရစ်ခဲ့တော့၏။ ရင်းနှီးသည့် မိတ်ဆွေအချို့ကိုသာ ဖိတ်ကြားထားတာမို့ ဧည့်သည်တွေ အရမ်းမများပေ။

သော်တာယုယ၊ ကိုလင်းသစ်နဲ့ ဖြိုးကုဋေတို့က တစ်ဝိုင်းတည်း ထိုင်နေခဲ့ကြသည်။ သူတို့အချင်းချင်း တစ်ယောက်ကို တစ်ယောက် မရင်းနှီးကြသော်လည်း ဦးလွှမ်းဒီယံရဲ့ ချစ်သူ ကိုလင်းသစ်ကိုတော့ ကျန်‌သည့် နှစ်ယောက်က သိနေကြ၏။ ဖြိုးကုဋေကလည်း သူငယ်ချင်းဖြစ်သူ လွှမ်းဆီမှ ကြားမိထားတာကြောင့် သော်တာယုယကိုလည်း သိနေ၏။ မမနွေယံရဲ့ ချစ်သူမိန်းကလေး။

သော်တာယုယကလည်း ဖြိုးကုဋေကို လွှမ်းဧရိယာ သူငယ်ချင်းမှန်း သိထား၏။ ဟိုးအရင် ဒီအိမ်ကို လာလည်ကြရင်းနဲ့ ဆုံခဲ့ဖူးကြသည့် အချိန်တချို့ ရှိခဲ့သည်မို့။ သို့ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားစမြည် ပြောဆိုရလောက်‌ေအာင်အထိ သိကျွမ်းနေတာမျိုးတော့ မဟုတ်ကြ။
လင်းသစ်ကတော့ ဘယ်သူနဲ့မှကို မသိသောသူပင်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now