33_U

77.4K 7.2K 1.1K
                                    

ဖုန်းသက်စံလေး မွေးနေ့အတွက် မနက်ပိုင်းကို ရပ်ကွက်ထဲမှ လူတွေအား ဖိတ်၍ ကြာဆံချက်ကြွေးသည်။ ညနေပိုင်းကျမှ Birthday Cake ခွဲတာဖြစ်သည်။ ညနေတစ်ပိုင်း ပွဲတွင်တော့ ဖုန်းသက်စံရဲ့ သူငယ်ချင်းလေးတွေနဲ့ အိမ်သားတွေပဲ ရှိနေသည်။

လွှမ္းဧရိယာနဲ့ စမ်းရေအေးတို့အပြင် ဖြိုးကုဋေတို့ လင်မယားပါ ရောက်လာကြသည်။ စမ်းရေအေးတို့ နှစ်ယောက်ကတော့ ညနေပိုင်းကျမှသာ ရောက်လာဖြစ်ကြသည်။ လွှမ်းဧရိယာက ဈေးကြီးကြီး Birthday Cake နှစ်လုံးကို ဝယ်လာ‌ေပးခဲ့ပြီး မွေးနေ့လက်ဆောင်လည်း သုံးလေးမျိုးလောက် ယူလာခဲ့သေးသည်။

အမေကို မကြည်သော်လည်း ကလေးကိုတော့ ကြည့်လို့ ရသည်မို့ လွှမ်းဧရိယာတို့က စေတနာ‌ေတွတော့ ရှိ၏။ သူများအိမ်ကို ဧည့်သည်လာလုပ်သော်လည်း အိမ်ရှင်တွေနဲ့ စကားမပြောဘဲ ခပ်တည်တည်သာ နေသည်။ သူ့ယောက်ျား စမ်းရေအေးနဲ့ ဖြိုးကုဋေမှလွဲ၍ ကျန်တဲ့လူတွေကို သိပ်အဖက်မလုပ်ပါ။

ဒေါ်ခင်ကလျာတို့ လင်မယားကလည်း လွှမ်းဧရိယာကိုယ်တိုင် အဆက်အသွယ်ဖြတ်ဖို့ ပြောခဲ့ဖူးတာမို့ အနည်းငယ် ရှိန်နေကြလေသည်။ လိုအပ်မှသာ တစ်ခွန်းနှစ်ခွန်းပဲ ပြောဖြစ်ကြပြီး ဘာသိဘာသာ နေနေကြတော့၏။ ပွဲမစခင်မှာ ရောင်စုံပူပေါင်းလေးတွေ မှုတ်၍ မွေးနေ့ပွဲကို ပြင်ဆင်နေကြ၏။ ဖြိုးကုဋေ၊ လွှမ်းဧရိယာနဲ့ စမ်းရေအေးတို့ ယောက်ျားလေး သုံးယောက်က ပူပေါင်း‌ေတွ ထိုင်လုပ်ရမည့် တာဝန်ကျသွားသည်။

“လွှမ်းငယ် သွားထိုင်နေလေ၊ မလုပ်ပါနဲ့ ရတယ်။ ကိုယ်ပဲ လုပ်လိုက်မယ်။”

ယောက်ျားဖြစ်သူကို စမ်းရေအေးက တောက်တိုမယ်ရတွေ မခိုင်းချင်တာကြောင့် အေးအေးလူလူသာ သွားနေခိုင်းမိသည်။ ပြီးတော့ ‌ေမွး‌ေန့ကို ရောက်လာကြသည့် ကလေးတွေကလည်း တရုန်းရုန်းမို့ လွှမ်းငယ်ကို သူ အားနာနေရသည်။

“ရပါတယ် ဘာဖြစ်လို့လဲ။”

“အားနာလို့ပါ။ ဒီလာပြီး ဒါတွေ လုပ်နေရလို့၊ ပြီးတော့ ကလေးတွေကလည်း တရုန်းရုန်းနဲ့ မင်းနားဆူနေမှာပေါ့။”

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now