16_U

75.3K 8.1K 1.3K
                                    

ကားပေါ်မှာ မြသစ်နွေယံ ပြောလာခဲ့သည့် စကားတွေကြောင့် စိတ်ထဲ မကြည်လင်နေပေမဲ့ အတတ်နိုင်ဆုံးတော့ စမ်းရေအေး ဘာမှ မဖြစ်သလို နေနေရသည်။ သည်လိုနဲ့ပဲ မြသစ်နွေယံရဲ့ သူငယ်ချင်းမဆီသို့ ရောက်လာရတော့သည်။

ရောက်လာခဲ့သည့် နေရာက ထိုသူငယ်ချင်းမ၏ အိမ်။ ပန်းချီဆွဲသော Studio အခန်းလေးထဲမှာ ဆွဲလက်စ ပန်းချီတွေနဲ့ ဆွဲပြီးသား ပန်းချီတွေက တစ်ပုံတစ်ပင် ရှိနေခဲ့သည်။ လက်ရာတွေကတော့ မှင်တက်စရာ ကောင်းလှသည်။

ပန်းချီဆရာမလေးက သူ(မ)ရဲ့ လက်ရာတွေ ကဲ့သို့ပင် လူကလည်း  အလှ‌ေလး ဖြစ်နေ၏။ မျက်နှာအေးအေးလေးနဲ့ စကား ပြောတာကအစ ချိုချိုသာသာလေးပင်။ ခါးထိ မရောက်တ‌ရောက် ဆံနွယ်ရှည်တွေကို ဖြစ်သလို ခပ်မြင့်မြင့် စုစည်းထားပြီး ဆေး‌ေရာင်စံုတွေ ပေကျံနေသော အေပရွန်အဖြူလေးကိုလည်း ဝတ်ဆင်ထားသေးသည်။ အိမ်မှာ တခြားလူတွေကို မမြင်မိပေ။ မိသားစုဝင်‌ေတွနဲ့အတူ နေပုံမရ။ သူတစ်ယောက်တည်း နေထိုင်ပုံရ၏။

စမ်းရေအေးကို မြင်တော့ ထိုပန်းချီဆရာမလေးက မျက်နှာ တစ်မျိုး ဖြစ်သွားသည်။ မြသစ်နွေယံနဲ့ နှစ်ယောက်တည်း ကြိတ်ပြီး စကားတွေ ပြောနေကြ‌ေသးသည်။ စမ်းရေအေးကတော့ သူတို့ နှစ်ယောက်နဲ့ ခပ်လှမ်းလှမ်းမှာသာ နေပြီး ပန်းချီတွေကားကိုသာ လိုက်ကြည့်နေမိသည်။

“သူက အသင့်တော်ဆုံးပဲ။ အဲဒါ ငါ့မတ်ကလေး။”

တိုးတိုးတိတ်တိတ် စကားပြောနေကြတာ ဖြစ်၍ ဘာအကြောင်းအရာတွေ ပြောနေကြမှန်း သေချာ မကြားရ။ မြသစ်နွေယံရဲ့ စကားတစ်ခွန်းက ခပ်ကျယ်ကျယ် လျှံထွက်လာခဲ့တော့မှ စမ်းရေအေး သူ့အကြောင်း ပြောနေကြမှန်း သိတော့သည်။

“အဆင်ပြေအောင် လုပ်ပေးလိုက်နော် စမ်းရေအေး။ မမ အလုပ်ရှိ‌ေသးလို့ ပြန်တော့မယ်။ အိမ်ကိုတော့ ပြန်တတ်တယ် မဟုတ်လား။”

“ဟုတ်ကဲ့ မမနွေယံ ပြန်တတ်ပါတယ်။”

စမ်းရေ‌ေအးတို့က အိမ်တွင်းပုန်းဘဝနဲ့ နေခဲ့ရတာ ကြာနေပါပြီ။ ရန်ကုန်မှာ ဘတ်စ်ကားတွေလည်း လည်လည်ဝယ်ဝယ် မစီးတတ်ပေ။ အလျင်ကတော့ အပြင်ထွက်ဖို့ ရှိလာလျှင် သူ့အစ်မ သူ့အဒေါ် သူ့ဦးလေးတွေကို ဘာကားစီးရမလဲဟု မေးမြန်းပြီးသာ သွား‌ေလ့ရှိသည်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now