14_U 🔞

105K 7.2K 4.1K
                                    

စမ်းရေအေး အိမ်ပြန်ရောက်လာတော့ အိမ်မှာ ဘယ်သူမှမရှိ။
ဒေါ်ဝတီတို့ သုံးယောက်ကလည်း အိမ်ထဲမှာ သူတို့အလုပ်နဲ့ သူတို့ ရှုပ်နေကြသည်။

ဒေါ်လေးနန္ဒာကိုတော့ အောက်ထပ်မှာ ရှိနေတာကို သူမြင်မိသည်။
ဒေါ်လေးနန္ဒာက ဘွားဘွားကို အဖော်ပြုရင်း အိမ်မှာ အချိန်ပြည့် ရှိနေသူ။

အန်တီရတနာကျတော့ အမေဖြစ်သူကို ဂရုစိုက်သည့် အချိန်လည်း ရှိပေမဲ့ များသောအားဖြင့်က အပြင်ထွက်လည်နေတာ များ၏။ အန်တီရတနာ့ ယောက်ျား ဦးထွန်းထွန်းဝေနဲ့ မြသစ်နွေယံတို့ကလည်း DL လုပ်ငန်းစုမှာပဲ ရာထူးတစ်ခုစီနဲ့ အလုပ်လုပ်နေကြသူ‌ေတွ။

အမှန်တော့ ဒီမိသားစုရဲ့ လုပ်ငန်းစုအကြောင်း သူအစက ဘာမှမသိ။
လွှမ်းဧရိယာကလည်း သူ့ကို ဘာမှ ပြောပြထားတာ မဟုတ်။
သူတို့အိမ်က ပိုင်ဆိုင်မှု‌ေတွ များကြောင်းနဲ့ company လုပ်ငန်းကြီး တစ်ခုကို လုပ်နေကြသည်ဟုသာ ပြောပြထားတာဖြစ်သည်။
လေကြောင်းလိုင်းတွေ ပိုင်သည့် DLလုပ်ငန်းစုဆိုတာကို ယမင်းဆီကနေ သူကြားခဲ့မိတာပါ။

လွှမ်းဧရိယာ အဖေကတော့ ဒီအိမ်မှာ အလုပ်အများဆုံးလူ ဖြစ်သည်။
အိမ်မှာ တွေ့မိသည့် အချိန်က ခပ်ရှားရှားပင်။
အန်တီသွေးကျတော့လည်း သူ(မ) ဝါသနာအရ ဖွင့်ထားသည့် ပိုးထည်တိုက် ဆိုင်ကို တစ်ခါတစ်ရံ သွားနေတတ်သည်။ 

ဘွားဘွားကလည်း တော်ရုံ အခန်းအပြင် သိပ်ထွက်တတ်သူ မဟုတ်။
စမ်းရေအေး ဒီအိမ်က အလုပ်တွေကို လုပ်ပေးဖြစ်တာက ဘွားဘွားရဲ့ အမိန့်ကြောင့် ဆိုပေမဲ့ ဘွားဘွားက သူ့ကို ထွေထွေထူးထူး ဘာမှ ခေါ်ခိုင်းခြင်းတွေ မရှိခဲ့။

အန်တီရတနာမှ လွဲ၍ စမ်းရေအေးကို ဟိုဟိုဒီဒီ ခေါ်ခိုင်းတတ်သည့်လူ ဆိုတာ ဘယ်သူမှ မရှိပါ။ အန်တီသွေးဆို အပြင်က ပြန်လာတိုင်း သူ့အတွက် စားစရာ တစ်ခုမဟုတ် တစ်ခု ဝယ်လာပေးတတ်သည်။

ဒီအိမ်မှာ သူနေနေရခြင်းက အဆင်ပြေပါသည်။
မျက်နှာအမြဲတမ်း တည်နေတတ်သည့် ဘွားဘွားနဲ့ လွှမ်းငယ် အဖေကိုတော့ သူနည်းနည်း ကြောက်မိသည်။
အန်တီရတနာကိုတော့ သူ မကြောက်ပါ။ သူ(မ)ခိုင်းလျင် လုပ်ပေးလိုက်သည်။ ဒီလောက်ပဲ ဖြစ်သည်။

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now