“ဟာ ဟေ့ကောင် လွှမ်း ...ဖြည်းဖြည်း၊ ငါ့ကလေး ထိခိုက်ကုန်ဦးမယ်။ အမလေးလေး ...”
ဖြိုးကုဋေရဲ့ အသံက နှမျောတသ လေသံကြီးနှင့်။
သူ့ Drone လေးကို လွှမ်းဧရိယာ ယူကိုင်ပြီး အကြမ်းပတမ်း မောင်းနှင်နေတာေကြာင့် သူခင်မျာ လန့်နေရရှာသည်။နှစ်ယောက်သား အိမ်အပေါ်ထပ်မှ ဖြိုးကုဋေရဲ့ အိပ်ခန်းထဲမှာ ရှိနေကြသည်။ အခုနောက်ပိုင်းမှာ လွှမ်းက ကုဋေ ့ဆီ ရောက်လာလျှင် အခန်းထဲကိုသာ အရောက် ဝင်တတ်သည်။ အပြင်ကို သူတို့ သိပ်မထွက်ဖြစ်ကြ ေတာ့ပါ။ ရောက်လာလျှင်လည်း ပြတင်းပေါက် နေရာကနေ တစ်ဖက်ခြံသို့သာ လွှမ်းတို့က လိုက်ကြည့်နေေလ့ရှိသည်။
အခုလည်း Drone ကို တစ်ဖက်ခြံထဲကို မောင်းဝင်နေပြန်သည်။
ဘာတွေ ပြဿနာ ရှာဦးမည် မသိ။“မင်း ဘာဖြစ်နေတာလဲ။ မင်းဟာ ပျက်စီးသွားရင် ငါအသစ်ထပ်ဝယ်ပေးမယ် မပူနဲ့။”
Control ခလုတ်တွေကို နှိပ်ရင်း လွှမ်းက ဖြိုးကုဋေကို လှည့်မကြည့်ဘဲ ပြောနေခြင်း။
“ငါ့ဟာထက် ပိုဈေးကြီးတာ ဝယ်ပေးရမှာနော်။”
“အေး ဝယ်ပေးမယ်။ ပါးစပ်လေးပဲ ပိတ်ထားလိုက်။ အာရုံမနောက်နဲ့။”
ဈေးကြီးတာ ထပ်ဝယ်ပေးမယ် ဆိုတော့မှ ဖြိုးကုဋေတို့ ပါးစပ်ပိတ်သွားတော့သည်။ ကုဋေလည်း လွှမ်းဘေးမှာ သွားရပ်ကာ သူမောင်းတာကိုပဲ ရပ်ကြည့်နေလိုက်သည်။ လွှမ်းက Droneကို တစ်ဖက်ခြံထဲမှ အပေါ်ထပ် ဝရံတာအပေါ်ထိ တက်မောင်းသည်။ ပြီးနောက် ထိုနေရာမှာပဲ တင်စေလိုက်သည်။ ဒါကိုမြင်တော့ ဖြိုးကုဋေတို့ ပျာယာခတ်သွားသည်။
“Shit ! ...မင်းဘယ်လို မောင်းလိုက်တာလဲ။ ဟိုမှာ ကျသွားပြီ။”
“တမင် ကျအောင် လုပ်လိုက်တာလေ။”
“ဘာ ...”
“ငါ ဟိုဘက်ခြံကို သွားလိုက်ဦးမယ်။”
“ဘာသွားလုပ်မှာလဲ။ ဘွားတော်ကြီး ရှိနေလားမသိ၊ မရှိမှန်း မသိ။”
“မရှိဘူး။ ငါမတွေ့မိဘူး။ ကြည့်ပြီးပြီ။ မင်းအမေရဲ့ ရေအေးလေးပဲ ရှိတယ်။”
YOU ARE READING
အကြင်နာပေးမဲ့ ဧရိယာ