(Extra_1) Unicode

66K 5.9K 1K
                                    

"ငယ်ရွယ်သော အိမ်ထောင်သည်လေးတွေရဲ့ ချစ်ကြည်နူးမှု ... "

                 **********


မုန်တိုင်းပြီးသွားတဲ့အခါ လေပြည်တွေ ရောက်လာတတ်သတဲ့။
နားမလည်မှုတွေ အထင်မြင်လွဲမှားမှုတွေ စတဲ့ ပြဿနာ အရှုပ်အရှင်းတွေ အားလုံး ပြီးသွားတဲ့နောက် သူတို့ အိမ်ထောင်ရေးမှာ ငြိမ်းချမ်းပြီး အေးမြတဲ့ လေပြည်တွေသာ ရှိနေခဲ့‌ေလသည်။

လွှမ်းဧရိယာ ပြည်ပမှာ ကျောင်းသွားမတက်ခင် ပြင်ဆင်စရာ ရှိတာတွေက များနေခဲ့ရသည်။ ကျောင်းဗီဇာ ကျဖို့ စောင့်ရမှာအပြင် ကျန်ခဲ့မည့် လုပ်ငန်းတွေကိုပါ စမ်းရေအေး နားလည်တတ်ကျွမ်းလာစေဖို့ အချိန်ယူရသေးသည်။

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေ အားလုံးကို ယောက်ျားဖြစ်သူ စမ်းရေအေးအား လက်လွှဲပေးနိုင်ရန်  အကုန် လက်ထပ်သင်ကြားပေးနေရသည်။ စတော့ရှယ်ယာ ကိစ္စတွေကတော့ လွှမ်းဧရိယာကသာ ကိုင်ထားဦးမှာ ဖြစ်သည်။ စမ်းရေအေးအတွက် ဒါတွေကို ကိုင်တွယ်ဖို့က ခက်ခဲနေသေးသည်မို့။

အိမ်ခြံမြေလုပ်ငန်းတွေ အပြင် စက်ရုံများ၊ အနုပညာလုပ်ငန်း၊ နယ်ဘက်မှ ကော်ဖီခြံ စပျစ်ခြံများ၊ ဆိုင်ခွဲတွေ များစွာဖွင့်ထားသည့် စားသောက်ဆိုင်များနှင့် Mini market လုပ်ငန်းများ၊ အစိုးရနဲ့ ဆက်နွှယ်သည့် အိမ်ရာစီမံကိန်းများ၊ ပြည်ပရေကြောင်း သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ။ နေရာတော်တော်များများမှာ ဖြန့်ကျက်ပြီး လွှမ်းဧရိယာက ရင်းနှီးမြှုပ်နှံထားတာ ဖြစ်သည်။

ယောက်ျားဖြစ်သူရဲ့ ရှိသမျှ စီးပွားရေးတွေကို သိရှိလိုက်ရပြီးနောက် စမ်းရေအေး ဖျားမလိုတောင် ဖြစ်သွားရသည်။ သူထင်ထားသည်က သူ့ယောက်ျား လွှမ်းငယ်က စတော့တွေ ကစားပြီး အိမ်ခြံမြေတွေ ရောင်းဝယ်ငှား လုပ်သည်။ ဒီလောက်ပဲ ဖြစ်သည်။ ဒီလောက်များပြားသော လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်နေမှန်း ထင်မထားမိခဲ့ပါ။

"မင်းအသက်က အခုမှ ၁၉ကျော်ကျော် ၂၀တောင် မပြည့်သေးဘူးလေ ...ဒီလောက်များတဲ့ အလုပ်တွေကို မင်းဘယ်လိုတွေတောင် ..."

အကြင်နာပေးမဲ့ ဧရိယာWhere stories live. Discover now