Intro🎭

13.7K 500 36
                                    

Unicode;;;

ပစ်တိုင်းထောင် သာမာန်အရုပ်လေးပါဘဲ။
ကျနော့ဖို့တော့ သက်မဲ့စံပြရုပ်တစ်ရုပ်ပေါ့။
ပစ်လိုက် ထောင်လိုက် နဲ့ လှဲကျတိုင်းပြန်ပြန်ထနေတဲ့အရုပ်လေးပေါ့။

ပျော်စရာဟူ၍ မရှာဖွေမိ ရိုက်ခတ်နေသော အနိမ့်အမြင့် အတက်အကျ လောကကြီး၀ယ် တဝဲလည်လည်ကျင်လည်တဲ့ အခိုက် ပစ်တိုင်းထောင်ကို အတုယူပြီး ကြိုးစားရှင်သန်နေတဲ့ ရုပ်ဆိုးဆိုးလူသားတစ်ယောက်က ကျနော် "သိကျွမ်းဆွေ"။ ကျနော့၏ ရုပ်ဆိုးဆိုးပုံစံကိုတော့ အကျယ်တဝံ့မဖွင့်ဆိုလိုတော့။

"အားးးး"

အရှိန်နဲ့ ဘောလုံးတစ်လုံးက နောက်ကျောကို ဝုန်းကနဲလာမှန်သည်။ ဘောလုံးတွေ ခဏခဏ ထိမှန်နေသောကြောင့် လူပင် အရေထူနေလေပြီ။ မတော်တဆဆိုပြီး အကြိမ်ရေသည် လည်း လက်ဆယ်ချောင်းမကတော့။

"ဟျောင့် ရုက္ခစိုး၊ ငါ့ဘောလုံးကောက်ခဲ့ပေးစမ်း"

အသံကြားယုံနှင့် ရုပ်ကိုပြေးမြင်နေမိသည်။ ဥစ္စာပေါ၊ရုပ်ချော ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် "နိုင်လိုမင်းထက်"

ရုပ်ဆိုးတဲ့အတွက် ဘယ်သူမှအဖတ်မလုပ်ဘဲ တစ်ယောက်ထဲ အေးချမ်းစွာ နေထိုင်‌လာသည့် ကာလပတ်‌တွေပြီးချိန် အချိန်တစ်ခုအရောက် တစ်ကျောင်းလုံး အဖတ်လုပ်လာအောင် ပြုလုပ်ခဲ့တဲ့သူ ၊ နာမည်ကဲ့သို့ မောက်မာရက်စက်တဲ့သူ "နိုင်လိုမင်းထက်"။

ပညတ်သွားရာ ဓာတ်သက်ပါလို့ပြောရမည်လား။ နာမည်အတိုင်း တင်းစီးလွန်းတဲ့ "နိုင်လိုမင်းထက်"။

တကူးတက အရေးလုပ်ပြီး နိုင်ထက်စီးနှင်း ဆက်ဆံခဲ့လို့ အခုကျနော့ကိုမြင်လျှင် ရီစရာလိုလှောင်စရာလိုကို ဖြစ်နေရော။ သူ့ကိုဘဲ ကျေးဇူးတင်ရမလိုပင်။

မေမေကတော့ အားပေးရှာပါတယ်။ ရုပ်လှဖို့ထက် စိတ်အလှပိုအရေးကြီးသည်တဲ့။ အဘယ်သို့ဆိုဆို ရုပ်အဆင်းလှသူက တစ်ဗန်းသာနေမည်ဘဲလေ။

အခုကျနော်က သတ္တမတန်းကျောင်းသားတစ်ဦး။

ကျနော်က မေမေနဲ့လည်းမတူ ၊ ဖေဖေနဲ့လည်းသိပ်မတူ ရုပ်ဆိုးတဲ့ဖက်ကို နည်းနည်းရောက်နေသည်။

Pyit Taing HtaungWhere stories live. Discover now