Part-25.2🎭

1.3K 104 8
                                    

Unicode::::::

မီဖိုခန်းထဲက ထွက်လာပြီးနောက် နိုင့်ကို လက်တို့၍ ခနေသည့် ဒုတိယထပ်ကို အတူတက်သွားလိုက်၏။ ခတို့၏ အိမ်သည်လေးထပ်တိုက်လေးဖြစ်သည်။ အပြင်အဆင်တွေကိုကြည့်ခြင်းအားဖြင့် ခတို့မိသားစု၏ ဂုဏ်အရှိန်ကိုသိနိုင်သည်။

ဒုတိယထပ်ကိုဝိုက်တက်မည့် လှေကားကွေ့‌တွင်လည်း ကျွန်းစစ်စစ်ဖြင့် ထုထားသည့် ယမင်းရုပ်လေးက ညက်ညက်ညောညောလေးကနေရှာသည်။ လှေကားတစ်လျှောက်လည်း ပန်းခက်၊ပန်းနွယ်များဖြင့် အလှဆင်ထားသည်။ ရေနံချေးတိုက်ထားသောကြောင့် တလက်လက်ထပြီး ပြောင်၀င်းနေသည့် ကျွန်းလက်ရန်းများကို ကိုင်တွယ်ရမည်ကိုပင် နှမြောဖွယ်ကောင်းနေသည်။ နံရံတွင်လည်း ကျောက်စီပန်းချီကား၊ ရေဆေးပန်းချီကားနဲ့ အလှဓာတ်ပုံများစွာကို အစီအရီချိတ်ဆွဲထားသည်။ သည်မိသားစု မြန်မာမှုကိုတော့ အတော်အလေးထားပုံဘဲ။

"ဒါ ခအခန်းထင်တယ်"

နိုင်သည် အနည်းငယ်ပွင့်ဟနေတဲ့ တံခါးကို ကြည့်ပြီး ပြောလာသည်။ ဒုတိယထပ်သည် ဆွေတို့အိမ်နှစ်အိမ်စာနီးပါကိုကျယ်သည်။ ကျယ်၀န်းသလောက် တိတ်ဆိတ်ခြောက်ကပ်လွန်းသည်။ ၀ရံတာတွင်တော့ နှင်းဆီအိုးလေးတစ်အိုးကိုတွေ့ရသည်။ ငြိမ်းအတွက်ဆိုပြီး ခစိုက်ထားတာထင်ရဲ့။

"ဟုတ်မဟုတ်ခေါ်ကြည့်ရအောင်လေ"

အော်ခေါ်ရန် ဟန်ပြင်နေသည့် သိကျွမ်းဆွေ ပါးစပ်ကို နိုင်သည် လက်ဖြင့် လှမ်းအုပ်လိုက်သည်။ စိတ္တဇဆန်ချင်နေသည့် ခကို အသံမပေးခင် ဘယ်လိုဘယ်ပုံဖြစ်နေကြောင်း အရင်ဆုံးသိရန်လိုသည်။ထိုမှသာ ခနဲ့ ပြောဆိုဆက်ဆံတဲ့အခါ လိုက်လျောညီထွေ အပေးအယူမျှမည်မဟုတ်လား။

"မခေါ်ခင် အရင်ချောင်းကြည့်သင့်တယ်။ ဘာလုပ်နေလဲဆိုတာသိအောင်"

"ကောင်းပါ့မလားနိုင်ရဲ့။"

သိကျွမ်းဆွေသည် လေသံတိုးတိုးနှင့် စိုးရိမ်မကင်းပြောနေသည်။ ဆွေက တစ်စုံတစ်ယောက်၏ ကိုယ်ရေးကိုယ်တာနဲ့ ခံစားချက်ကို အတိုင်းထက်အလွန် အလေးပေးတတ်တဲ့သူမို့ အားနာနေဟန်။

Pyit Taing HtaungOù les histoires vivent. Découvrez maintenant