4.9.2022(special ep)

979 51 24
                                    

အဲ့နေ့က မိုးတွေ ဆက်တိုက်ကိုရွာနေခဲ့တာ။ အိမ်ရှေ့မှာ ညီမလေးကို ကုန်းပိုးပြီး ဘောလုံးကန်နေတဲ့ ခပ်သေးသေး ကောင်လေးကို နိုင်ချောင်းကြည့်နေခဲ့တာလေ။  မိုးရွာထဲ ဘောလုံးကန်ရတဲ့ အရသာဘယ်လိုရှိမလဲ မသိပေမဲ့ အဲ့ကောင်လေးရဲ့ အပျော်တွေက နိုင့်ဆီကို ကူးခပ်လာတဲ့အထိဘဲ။

"သိကျွမ်းဆွေ...လာတော့ အအေးပတ်တော့မယ်။ ညီမလေးကိုပါ ခေါ်ခဲ့တော့"

အဲ့ကောင်လေးနာမည်က သိကျွမ်းဆွေလို့ ကြားတော့ နိုင် တစ်ခါထဲမှတ်မိလိုက်တယ်။ ကျွန်တော်က မှတ်ဉာဏ်ကောင်းတယ်လေ။ ပထမတစ်ခါအော်ခေါ်ပြီး သူ့အမေက အိမ်ထဲပြန်၀င်သွားတယ်။

"ဟုတ် မေမေ။ ညီမလေး အိမ်ထဲပြန်တော့မလား"

သူ့ညီမလေးက ခေါင်းရမ်းပြတော့ မိုးရွာထဲ ဆက်ဆော့နေတယ်။ နောက်တော့ သူ့ သူငယ်ချင်း ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ပြန်ရောက်လာတော့ ပွဲက ပိုစည်းသွားတယ်။ကန်ကြ အော်ကြတယ်ဆိုတာ တစ်ရပ်ကွက်လုံး သူတို့အသံတွေ ညံနေတာဘဲ။ အရှိန်နဲ့ရွာတဲ့ မိုးက သည်းကြီးမည်းကြီး။ ပိုပိုကြီးလာတယ်။

"မိုးရွာရင် မိုးရေချိုးမယ်။ ဖေဖေလာရင် နို့စို့မယ်"

"ဇွဲ.... မင်းဆိုတာ မှားနေတယ်။ ဖေဖေ့မှာမှ နို့မရှိတာ.. ငါဆိုပြမယ်"

သူ့ထက် လူကောင်သေးတဲ့ ဖြူဖတ်ဖြူရော်ကောင်လေးကို ဆရာလုပ်နေပုံကို ကြည့်ရင်း ကျွန်တော် ပြုံးနေခဲ့မိတာ။ ခြေဖျားထောက်ပြီး ချောင်းကြည့်ရတာ ကြာတော့ ခြေတော့ ညောင်းလာတယ် ။ အဲ့တာနဲ့ ခုံခုပြီး အားရပါးရ ကြည့်နေခဲ့တာပေါ့။

"မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင် နို့စို့မယ်။ ဖေဖေလာရင် အုန်းသီးခွဲစားမယ်"

"သားလေး ..မြန်မြန်ပြန်လာတော့။ အအေးပတ်ပြီး ဖျားနေမယ်သားရဲ့။ ဒီကောင်လေးနှယ် ပြောရဆိုရ လက်ပေါက်ကပ်လိုက်တာတော့်"

"ဟုတ် မေမေ"

ဒုတိယအကြိမ်ပြန်လာခေါ်ပြီး အထဲကို ပြန်၀င်သွားတဲ့ မိခင်ကို အဲ့ကောင်လေးတုန့်ပြန်လိုက်ပေမဲ့ ကစားတာတော့ အပျက်မခံခဲ့ဘူး။ မျောက်မူးလဲဆိုတာ သူနဲ့မှဟုတ်မယ်။ ညီမလေးကိုလည်းမချ။ ဘောလုံးကိုလည်း အလွတ်မခံ။ ၀တ်ထားတဲ့ အင်္ကျီကလည်း ဗွက်တွေနဲ့ ပေပွနေတာဘဲ။

You've reached the end of published parts.

⏰ Last updated: Sep 04, 2022 ⏰

Add this story to your Library to get notified about new parts!

Pyit Taing HtaungWhere stories live. Discover now