Part-26.2🎭

1.1K 97 14
                                    

Unicode::::::

အချိန်အားဖြင့်ညနေ၅နာရီ။ နိုင်အခုထိ ရောက်မလာသေးပေ။ ဆွေတို့၏ ရပ်ကွက်လမ်းမသည်လည်း လူခြေတိတ်စပြုလာသည်။ မျှော်သူအဖို့တော့ မောလှပါပြီ။

ဆွေသည် နိုင့်အလာကို လမ်းထိပ်ကိုထွက်၍ မစောင့်ရုံလေးပါဘဲ။ နိုင်လာနိုးနိုးနဲ့စောင့်နေတာ နေမင်းကြီးပင် အနောက်ဖက်ဆီ ရှောင်ပုန်းလုနီးနီးပေါ့။ အိမ်ပေါက်၀တွင်ရပ်၍စောင့် နေသည်။ သို့သော် နိုင်မပေါ်လာခဲ့။ အန်တီခင်ရဲ့ ပြစ်တင်ပြောဆိုသည့် စကားတွေကိုသာ နားရည်၀နေအောင်ကြားရသည်။

"ပြောပါတယ် သူက အတင်းကားတင်ပြေးတာလို့ ပြောပြီး တရားစွဲမယ် ဘာညာချိန်းခြောက်လိုက်။ အနည်းဆုံးတော့ နင့်အဖေရဲ့ ဆေးစရိတ်ရမယ်။ နောက်ပြီး ဒီအိမ်ပြန်ရွေးနိုင်တာပေါ့။ ရပေါက်တွေကြီး နှမြောစရာ"

"အဲ့စိတ်ဓာတ်နဲ့မို့ ခများဒီတစ်သက် မေတ္တာစစ်၊မေတ္တာမှန်မရတာ"

" ဘာ!!!! "

(ခလွမ်း)

အန်တီခင်သည် သိကျွမ်းဆွေကို စိတ်ဆိုးလွန်းအားကြီး၍ ရေနွေးပန်းကန်လုံးနဲ့ လှမ်းပေါက်လိုက်သည်။ ဆွေအရှောင်အတိမ်းကောင်း၍ ခြေထောက်ကိုသာ ထိသွားသည်။ အန်တီခင်က တကယ့် စရိုက်ပါဘဲ။ သူ့လိုလူကို အဖေဘာများကြည့် ကြိုက်သလဲ ဆွေဖြင့် မတွေးတတ်တော့ပါ။

"အဖေ နားချင်သွားနားလေ။ ကျနော် အခန်းထဲ လိုက်ပို့ပေးမယ်နော်"

"ရတယ်။ မင်းသာ အဆင်ပြေအောင်နေ"

အဖေသည် လည်ကတုံးနဲ့ ခပ်လတ်လတ်ပုဆိုးတစ်ထည်ကို၀တ်ဆင်ထားသည်။ ဝှီးချဲဘီးကို လှိမ့်ကာ အခန်းထဲ ၀င်သွားသည့် အဖေလည်း နိုင် လာကိုလာမည်ဟု ယုံကြည်နေပုံရသည်။ အစောပိုင်းကြည်လင်နေတဲ့ အဖေ့မျက်နှာသည် အချိန်နဲ့ တပြေးညီ စတင်ညှိုးနွမ်းလာလေသည်။

"ဟူး......"

လိုက်ကာအကွယ်ကနေ ဦးသီဟဆွေသည် သားဖြစ်သူကိုကြည့်ကာ သက်ပြင်းခိုးရှိုက်လိုက်မိသည်။ သူလုပ်တာများ မှားသွားလေပြီလားဟု တွေးကာ စိတ်မကောင်းလည်းဖြစ်နေ၏။

Pyit Taing HtaungWhere stories live. Discover now