Unicode:::
ရတနာပုံတက္ကသိုလ်
ထိုရွှေရောင်စာသား၏ နောက်ခံအရောင် အနီရောင်ကြောင့် ဆွေတို့ ပြောမပြောတတ်အောင်ရင်ထဲ တလက်လက်ဖြစ်နေရသည်။ နှိုင်းစရာရှာမရအောင် လှပတင့်တယ်လှသော တက္ကသိုလ်မြေကြီးကို ခြေလှမ်းတစ်လှမ်း လှမ်းဖို့ စိတ်လှုပ်ရှားနေမိသည်။ ရတနာပုံတက္ကသိုလ်ကြီးအရိပ်၀ယ် တက္ကသိုလ်ကျောင်းသားဘ၀နှင့် ၀င်ရောက်ရန် ဆွေတို့ အဆင်သင့်ဖြစ်၍နေပြီ။ အမရပူရမြို့နယ် တောင်တမန်အင်း အနီးတွင် ရှိသောတက္ကသိုလ်ကြီး၏ ခမ်းနားမြင့်မြတ်မှုကို အပြင်ဖက်ကနေ ဆွေတို့ အံ့ဩပက်လက်ကြည့်နေကြသည်။
"ငါတော့ ကော်ရစ်တာမှာ ကောင်လေးချောချောတွေကို အားရပါးရ ၀င်တိုက်ပစ်အုန်းမယ်"
ဂုတ်ထောက်နေတဲ့ ဆံပင်နဲ့ ယမုံတစ်ယောက် နီညိုရောင်၀မ်းဆက်လေး၀တ်ထားသည်။ မျက်နှာခြယ်မှုန့်ခြယ်သထားသော်လည်း မှုန်နေအောင်ခြယ်ထားခြင်းမဟုတ်တာကြောင့် အမြင်အေးလှသည်။ တက္ကသိုလ်ကျောင်းသူပီပီ စာအုပ်များကိုလည်း အိတ်တွင်မထည့်ဘဲ ပွေ့ဖက်ထားသေးသည်။
တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားဘ၀တွင် ပညာလည်းရှာ ကြင်ယာလည်းရှာတတ်ကြသည်မဟုတ်လား။ တစ်ချိန်ချိန်ဖြင့် လွမ်းစရာကောင်းတဲ့ အတိတ်ပုံပြင်အနေနဲ့ ပြန်တမ်းတရမည်လေ။ တချို့က တက္ကသိုလ်ကနေပြင်ပ လောကထိတွဲလက်တွေ ခိုင်မြဲသလောက် တချို့ပြန်တော့လည်း အခြေအနေနဲ့ကံကြမ္မာမျက်နှာသာ မပေးလို့ ဝေးရတတ်သည်။ အချစ်ရောင်စုံဖူးပွင့်ရာ တက္ကသိုလ်မြေထဲ အချစ်ဇာတ်လမ်းမျိုးစုံတော့ ရှိမြဲပါဘဲ။
"ကော်ရစ်တာက ဆင်နှစ်ကောင်ဖင်ထောင်ပြီးလျှောက်လို့ရသတဲ့။ နင်တော့ လင်မရနိုင်တော့ပါဘူး ယမုံရာ။"
တက္ကသိုလ်ကို ငေးမောနေရင်းမှ ဇွဲက ရွှင်နောက်နောက်ဖြင့် ယမုံ၏ ရွှေရောင်အိပ်မက်များကို ရိုက်ချိုးလိုက်သည်။
"မသာ...ပါးစပ်ပုတ်နဲ့"
ပြောမနာဆိုမနာဆိုတဲ့အတိုင်း ဆဲဆိုနေကြမို့ ယမုံက မျက်စောင်းချိတ်ပြောနေသော်လည်း ဇွဲမျက်နှာထက်အပြုံးမပျက်ပေ။
ESTÁS LEYENDO
Pyit Taing Htaung
Romanceအလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... See true beauty with your heart 💕 အလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... Cover crd from pinterest 🎭 Complete (U&Z) Start-20.10.2021 End-31.3.2022