Part-29🎭

1K 71 4
                                    

Unicode:::::;

နိုင်သည် လေညှင်းခံကာ ကော်ဖီတစ်ခွက်ဖြင့် သရက်ပင်အောက်မှာ ထိုင်နေသည်။ ထိုင်နေကြ ကွပ်ပျစ်သည်လည်း ဆွေးမြေ့နေလေပြီ။ နိုင်သတိမေ့နေစဉ် သိကျွမ်းတစ်ယောက် ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲပျောက်သွားတာ အတော်ကြာလှပါပြီ။

နိုင်တို့၏ နိဗ္ဗာန်ဘုံ အိမ်အိုလေးတွင်လည်း လူသူကင်းမဲ့လို့နေသည်။ ခြောက်ကပ်ကပ်ဖြင့် တစ်စုံတစ်ယောက်ငိုကြွေးသံကို ခပ်သဲ့သဲ့ကြားနေရသည်။  ငိုသံလာရာကို လိုက်ရှာကြည့်မိရာ ခြံတံခါး၀တွင် သိကျွမ်းဆွေသည် ဂန္ဓာမာဖြူတစ်ပွင့်တစ်ပိုက်ဖြင့် နိုင်ကို ကြေကွဲဆို့နင့်စွာ ကြည့်နေသည်။ သူ့လက်ထဲက ဂန္ဓာမာဖြူများ၏ ပွင့်ဖတ်များတွင် သွေးစဖြင့် ခပ်ရဲရဲလေးဖြစ်နေသည်။

"ကျွမ်း....ဘယ်လိုဖြစ်တာလဲ"

နိုင်မေးသော်လည်း မဖြေဘဲ ငိုခြင်းကိုသာ တစိုက်မတ်မတ်ပြုလုပ်သည်။ နိုင်သည် သိကျွမ်း၏ ခေါင်းကိုမှေးစေ့က ထိန်းကိုင်၍ ဆွဲမော့လိုက်ရာ မျက်နှာတစ်ဖက်သည် အရိုးပင် ပေါ်နေသည်။

"ကျွမ်း....ကျွမ်း!!!"

ဂန္ဓာမာအဖြူနဲ့ ပစ်ပေါက်ပြီး ထွက်ပြေးသွားသည့် သိကျွမ်းကို  နိုင် ပြေးလိုက်ခေါ်နေမိသည်။  နိုင်ကိုပစ်ပေါက်ထားသည့် မြေပေါ်ပြန့်ကျဲနေသည့် ဂန္ဓာမာများသည် နှင်းဆီအနီတွေအဖြစ်ပြောင်းလဲသွားသည်။

"နိုင်....ငါ့ကိုကယ်ပါ နိုင်"

ပတ်၀န်းကျင်တစ်ခုလုံး မြူများဖြင့် ဖုံးအုပ်သွားသည်။

"နိုင်.....ငါနင့်ကိုထားခဲ့တာမဟုတ်ပါဘူး နိုင်ရယ်"

"ကိုယ်သိပါတယ် ကိုယ်သိတာမို့ ထွက်လာပါနော်။"

"ငါ့မျက်နှာကို နင်မြင်ရင် စိတ်ပျက်သွားလိမ့်မယ်"

နိုင်သည် အရပ်ရှစ်မျက်နှာတစ်ခွင် ပတ်၍ရှာကြည့်သော်လည်း မည်သူကိုမှမတွေ့ရ။ အထူးသဖြင့် ငိုသံနှင့် အော်ပြောနေသည့် သိကျွမ်းဆွေ၏ အရိပ်ပင်မမြင်ရပေ။

"ကျွမ်းကို ကိုယ်ဘယ်တုန်းက စိတ်ပျက်ဘူးလို့‌လဲ ကျွမ်းရ"

နိုင်၏ အနောက်ကို တစ်စုံတစ်ယောက် ရောက်လာသည်။
နိုင့် ပုခုံးကို ပုတ်၍ ခေါ်လာသည့် သိကျွမ်းဆွေကို နိုင် မြင်တော့ ၀မ်းသာအားရပွေ့ဖက်လိုက်မိသည်။

Pyit Taing HtaungDonde viven las historias. Descúbrelo ahora