Part-9🎭

2.5K 176 37
                                    

Unicode:::

ရပ်ကွက် မီးသတ်မှ တအုံးအုံးခေါက်သံနှင့် အတူ ဆွေတစ်ယောက် မနက်စောစောနိုးထလာတော့သည်။ အချိန်တွေကုန်မှန်းမသိ ကုန်သွားသည်မှာ ဆောင်းရာသီပင်ရောက်နေပြီ။ လန်းဆန်းသွားအောင် စာကျက်စားပွဲနားက ပြတင်းပေါက်ကို ညင်သာစွာဖွင့်လိုက်ရာ မြောက်ပြန်လေအေးကြောင့် ပိန်းကနဲ ရှိန်းကနဲဖြစ်သွားသည်။ အပြင်ဖက်မှ လမ်းမီးရောင်များကလည်း မြူနှင်းများကို ဖောက်ထွန်းကာ အခန်းထဲ ထိုးကျနေသေးသည်။

မန္တလေးဆောင်းအေးပုံမှာ အချူပ်တန်းဆရာဖေ ဖွဲ့နွဲ့ခဲ့သည့်အတိုင်းပင်။

အကဲပိုအောင် ချမ်းပြနေတဲ့ ဆောင်းမို့ ဆွေသည် မေမေ့၏ ခြုံတစ်ပတ်ကို လွှားကနဲခြုံလိုက်သည်။ ရင်ထဲတွင် မေမေကသိုင်းဖတ်လိုက်သကဲ့သို့ နွေးရပါသည်။

"အဖေမလား....။ အဖေရာ..အဲ့လောက် အေးတာ ဘာလို့ အပြင်မှ ထွက်အိပ်နေတာတုန်း"

ဘုရားစင်က မီးအလင်းမှိန်မှိန်ကို အားပြုပြီး စိုက်ကြည့်လိုက်ရာ အိမ်လည်ခန်းတွင် လူးကာလိမ့်ကာဖြင့် ပုဆိုးပါးတစ်ထည်နှင့် ခွေနေသည့် အဖေကိုမြင်လိုက်ရသည်။

အန်တီခင်လည်း ဘယ်လို လုပ်ရက်သလဲ။ ကိုယ်ယောင်္ကျားတစ်ယောက်လုံး လူမှန်းမသိ၊သူမှန်းမသိ မူးရူးနေတာကို တစ်ချက်တောင်မကြည့်ဘဲ နေနိုင်လိုက်တာ။ ဒီပုံစံအတိုင်းဆက်သွားနေရင် လေဖြတ်ဖို့လမ်းဘဲရှိတယ်။

စိတ်ထဲအလိုမကျစွာဖြင့် အိပ်ခန်းထဲပြန်၀င်ပြီး စောင်တစ်ထည်ကို ဆွဲယူပြီး အဖေကိုခြုံပေးလိုက်သည်။

"ဖေဖေရယ်...နည်းနည်းလေးလျှော့သောက်မှပေါ့"

ချဉ်စုတ်စုတ်၊ အောက်သိုးသိုး အန်ဖတ်နံ့များကြောင့် ဆွေ သက်ပြင်းလေးရှိုက်ကာ ခေါင်းသာရမ်းနေမိတော့သည်။ ဖေဖေဆိုသည်မှာ အရက်ကိုအချစ်ဆုံးထင်တာဘဲ။

မေမေဆုံးပြီးနောက်တော့ ဖေဖေက ခင်ဆိုတဲ့ မိန်းမနဲ့ ကျနော်တို့ကို ဒိုင်ခံလုပ်ကျွေးပြန်သည်။ အန်တီခင်ကတော့ ငွေထုတ်ကိုင်ကာ အသုံးအဖြုန်းသိပ်ကြမ်းသည့်သူ။ ဆွေနဲ့ နှင်းတို့ မောင်နှမ နှစ်ယောက်လည်း ထမင်း၀အောင် စားပြီး ကျောင်းတတ်ရတယ်ဆိုရုံပါဘဲ။

Pyit Taing HtaungWhere stories live. Discover now