final (2)🎭

1.5K 72 2
                                    

Unicode:::::::;

ကစားပွဲအခြေအနေအရ နိုင်တို့ အဖွဲ့ရှုံးတော့မည်ကို နိုင်မျက်မှန်းတန်းသိနေလေပြီ။ သိကျွမ်းကိုမော့ကြည့်လိုက်မိတော့  ကြာဖူးငုံပုံလက်အုပ်ချီ၍ တီတိုးဆုတောင်းနေသည်။ အားကစားစိတ်ဓာတ်အတော်ထက်သန်သားဘဲ။ အားပေးလည်းအတော်ကြမ်းသည်။

"ကိုကြီး..."

နိုင်၏ အင်္ကျီစကို ဆွဲကိုင်လာသည့် ကလေးတစ်ယောက်သည်  နိုင့်လက်ထဲ ဖုန်းတစ်လုံးထိုးထည့်ပေးလာ၏။

"ဒါကဘာတုန်း ကလေးရဲ့"

"ဟိုးနားက ဖိုးဖိုး.....အဲဘယ်‌ရောက်သွားလဲ မသိဘူး။ အဲ့ဖိုးဖိုးက
ကိုကိုကြီးကို ပေးလိုက်ပါဆိုလို့"

နိုင်သည် ကလေးငယ်ညွှန်ပြသည့် အပင်ဖက် လှည့်ကြည့်သော်ငှာလည်း ခွေးတစ်ကောင်၊ကြောင်တစ်မြှီးမတွေ့ရပေ။

"ကျေးဇူးနော် ကလေး"

ထိုကလေးရဲ့ အိုးမှုတ်ခွက်ပုံ ဆံသားကို အသဲယားသောအားဖြင့်ဆွဲ၍ ဖွာလိုက်မိသည်။ လက်ထဲက ဖုန်းအနောက်တွင် စက္ကူအဖြူ တစ်စောင်ကပ်ပါလာသေးသည်။ နိုင်သည် ထိုစက္ကူကို ဖြန့်၍ ဖတ်ကြည့်လိုက်ရာ

"အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ရလဒ်‌တွေရမှာပါ"
ဆိုတဲ့ မညီမညာ တလိမ့်ခေါက်ကွေးဖြစ်နေသည့် စာကြောင်းတစ်ကြောင်းကိုတွေ့လိုက်ရတော့ လူအုပ်ကြားနိုင်တိုးဝေ့ရှာဖွေကြည့်သည်။ လူအုပ်ကြားထဲတွင် မြေးမလေးကို ပွေ့က တအိအိသွားနေသည့် အဖိုးကို နိုင် မြင်လိုက်ရသည်။

"အဖိုး....ခဏ"

နိုင်သည် ခြေထောက်နာမှန်းကိုပင် သတိမရချေတော့။ ဖနောင့်နဲ့တင်ပါးတစ်သားထဲဖြစ်အောင်ထားကာ အဖိုးနောက်သို့ပြေးလိုက်သည်။

"အဖိုး....ဒါက"

နိုင်သည် အဖိုးရှေ့ ပိတ်ရပ်ပြီး လက်ထဲက ဖုန်းကိုခါယမ်းပြလိုက်သည်။ အဖိုးသည် မြေးမ၏ ကျောကိုပွတ်သပ်ရင်း

"မင်းကိုပေးဖို့ အစကတည်းကဆုံးဖြတ်ထားပြီးသားပါ။ အိပ်ခန်းထဲ၀င်ပြီး ဘယ်နားထားမှန်းမသိလို့ရှာနေတာ။ ငါလည်းတွေ့လို့ ပြန်ထွက်လာရော မင်းလည်း အိပ်ပြန်ရောဆိုတော့လေ"

Pyit Taing HtaungWhere stories live. Discover now