Unicode::::
ဩဇာသံပါလှသော အရှေ့က ဆရာမ၏ အသံကျယ်ကျယ်သည် စာသင်ခန်းကြီးကို အုပ်စိုးထားသည်။ ပြင်ပက ဖြတ်သွားဖြတ်လား မော်တော်ကားသံများကိုလည်း ခပ်တိုးတိုးကြားနေရသည်။
ဒသမတန်းတွင် bioဆရာမက အဆိုးဆုံးဆိုတဲ့ သတင်းတွေကို မနှစ်ကတည်းက ကြားထားတာကြောင့် ကျောင်းသားတွေ အသက်ပင်ပြင်းပြင်းမရှူရဲ ။ ဆရာမ၏ ၀ဖိုင်ဖိုင်ခန္ဓာကိုယ်နှင့် လေးကိုင်မျက်မှန်ကြီးကိုအောက်စိုက်ပြီး ကြည့်တတ်ပုံများက လူရှိန်စရာပင်။
ဆွေကတော့ Bioသင်နေသော်လည်း စာထဲ အာရုံမရောက်နိုင်။ အနောက်ကနေ ခဲချွန်နဲ့ ထိုးနေတဲ့သူကြောင့် ဘယ်လိုမှ စာထဲကို စိတ်မရောက်နိုင်။
"စာသင်နေတယ်လေ... ငြိမ်ငြိမ်မနေနိုင်ဘူးလား...."
ဆွေသည် အနောက်ခုံဆီကိုယ်လေးကို ရို့ပြီး တိုးတိုးလေးကြိတ်ပြောလိုက်သည်။ နိုင်တစ်ယောက် တစ်ချက်ပြုံးလိုက်တာကိုတော့ ဘယ်သူမှမမြင်လိုက်ပေ။ နိုင်က ဆွေကိုမြင်ရင် စလိုက်၊နောက်လိုက်၊အနိုင်ကျင့်လိုက် လုပ်နေကျဆိုပေမဲ့ ဆွေ့ဖက်က အရေးတယူဆက်ဆံတာမျိုးမရှိ။ ဆွေက တစ်ခွန်းဖြစ်ဖြစ် ပြောလိုက်တာနဲ့ နိုင်တစ်ယောက် ပြုံးနေတာဘဲ။
"မကျေနပ်ရင် ဆရာမနဲ့တိုင်လိုက်လေ...."
ပထမဆုံးရက်မို့ ပြဿနာမဖြစ်ချင်လို့ မတိုင်တာကို အကောင်းကြီးမှတ်နေတယ်ထင်ပါရဲ့။ ဆွေကဆက်မပြောတော့ နိုင့်လို လူစားကို သူ စကားမပြောချင်ဆုံးပင်။
"ဆွေ....မုန့်စားဆင်းချိန်ပြီးရင် နေရာပြောင်းပေးမယ်နော်..."
ဆွေ့အခက်အခဲကို တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တဲ့ ဇွဲကမြင်၍ သက်သာလိုခြင်းကြောင့် ၀င်ဖြန်ဖြေပေးခြင်းဖြစ်၏။ ဇွဲတစ်ယောင်တွေးမိသေးတယ် နိုင့်ကိုပေါင်းသင်းလိုက်ရင် ဆွေဖြတ်သန်းရတာပိုအဆင်ပြေလောက်တယ်ဆိုတာမျိုး။
"နင်ပြောင်းပေးလိုက်လည်း လွှတ်မှာမဟုတ်ပါဘူး...ငါ့ကိုက ၀ဋ်ကြီးတယ်ဆိုပါတော့...."
နိုင်တစ်ယောက် ကျောင်းကိုလာပြီး အချိန်ဖြုန်း၊အပျော်ရှာနေရုံသက်သက်သာ။ ဘာဆိုဘာမှအလေးအနက်မထား ။ ခုလည်း ဆွေကို နှောက်ယှက်ရလို့ ကျေကျေနပ်နပ်ပြုံးနေ၏။
YOU ARE READING
Pyit Taing Htaung
Romanceအလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... See true beauty with your heart 💕 အလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... Cover crd from pinterest 🎭 Complete (U&Z) Start-20.10.2021 End-31.3.2022