Part-10🎭

2.5K 177 33
                                    

Unicode::::

"ငြိမ်း....."

မန်းကျည်ပင် အောက်မှာတစ်ယောက်ထဲ ထိုင်ပြီး စာဖတ်နေတဲ့ ငြိမ်းဆီကို အသံပေးပြီး ခ လျှောက်သွားလိုက်၏။ ငြိမ်းအဖို့ လက်မှာ ဝှက်ပြီးယူလာတာလေး ပေးပြီး စကားနည်းနည်း ပြောချင်သောကြောင့်ဖြစ်သည်။

"ခ...လာထိုင်လေ။"

ဘေးကနေရာလွှတ်မှာ ကြွေကျနေတဲ့ မန်းကျည်းရွက်ကလေးများကို လက်ဖြင့် ခါချလိုက်ပြီး ထိုင်ဖို့ခေါ်လာသည်။

"မောင့်ငြိမ်းအတွက်..."

ခလက်ထဲက နှင်းဆီပန်း နီသာရဲလေးကို မြင်သော ငြိမ်း လစ်ခနဲတစ်ချက်ပြုံးလိုက်သည်။ ကော့ညွှတ်သွားသည် နှုတ်ခမ်းစွန်းလေးများသည် ကျေနပ်မှုကိုဖော်ပြနေသည်။

"နှင်းဆီပန်းဘဲ"

"အင်း...အနီရောင်"

"ဒါမဲ့ ငြိမ်းက မိန်းကလေးမှမဟုတ်ဘဲ။ ဘာလို့ ပန်းပေးတာလဲ။"

"အထူးသဖြင့် ဒီနှင်းဆီပေါ့"လို့ တိုးတိုးလေးရေရွတ်လိုက်ပေမဲ့ ခမကြားလိုက်ပေ။  ယောင်္ကျားလေးတစ်ယောက်က တခြားသူပေးတဲ့ပန်းတစ်ပွင့်ကို မြတ်မြတ်နိုးနိုး နမ်းရှိုက်နေလျှင်ဖြင့် ကြည့်လို့ကောင်းနေမည်လို့မထင်။ ပြီးတော့ အဲ့လူကယောင်္ကျားလေးဖြစ်နေသည်။ အမျိုးမျိုးတွေးရင်း  ခလက်ထဲက ပန်းလေးကို ယူဖို့ ချိတုံချတုံဖြစ်နေမိသည်။

"ပန်းဘဲ... ငြိမ်းရယ် သူ့အလှက ဘယ်သူ့အတွက်ပါလို့ ရည်စူးပြီး ရှိတာမှ မဟုတ်တာ။ သူ့ရနံ့ကလည်း ယောင်္ကျားလေးနဲ့ မိန်းကလေးဆိုပြီး ကန့်သတ်ပြီး ပေးနေတာမျိုးမရှိပါဘူး။ ဘယ်သဘာ၀တရားကမှ ပုံသေ မပညတ်ထားပါဘူး။ လူတွေရဲ့ အတ္တစွဲနဲ့ မာနတွေကြောင့်ပါကွာ"

"ဟုတ်တယ်နော်။ ဘယ်အရာကမှ ပုံသေမရှိဘူး"

နှုတ်ခမ်းပါးလေး လှုပ်ရုံလေး ပြောရင်း ခ လက်ထဲက ပန်းနီနီလေးကို ယူပြီး ရှူလိုက်မိသည်။ သင်းထုံနေတဲ့ ရနံ့လေးက အာရုံများကို စူးရှစွာတိုးတိုက်သွားသည်။

"ငြိမ်း"

"ဗျာ"

"ဒီပန်းရနံ့လေးက ‌ဘယ်ချိန်ပြယ်မလဲသိလား"

Pyit Taing HtaungWhere stories live. Discover now