Part-27.3🎭

956 71 8
                                    

Unicode:::::;

"ခွပ်"

သိကျွမ်းဆွေသည် ယခင်ကသူအမြတ်တနိုးနမ်းရှိုက်ခဲ့ဖူးသော မျက်နှာကို အားနဲ့လွှဲကာ ထိုးထည့်လိုက်သည်။
အဲ့သည် နှုတ်ခမ်းတွေကို သွေးထွက်အောင် ထိုးပစ်ချင်မိလောက်သည့်အထိ။ ဘာရယ်‌ကြောင့်မဟုတ်။ မင်းယက္ခနဲ့ ပြန်တွေ့နေတာမလားဆိုတဲ့ နိုင့်စကားကို ဆွေအလွန်အမင်းဒေါသဖြစ်သောကြောင့်ပင်။

"မင်းယက္ခက ဒုတ်ထိုးလာစားရင် ငါနဲ့နည်းနည်းပါးပါး စကားပြောရုံဘဲ ဆိုတာ မင်းသိဖို့ကောင်းတယ်။ "

ဆွေပြောသည့် စကားဟုတ်သည်ရှိ၊မဟုတ်သည်ရှိ နိုင်ကတော့ ဂရုမစိုက်ပါ။ နိုင်က ပေါက်ထွက်ခါနီးဗုံး၏ အရှိန်ကို တမင် မြင့်တင်ပေးလိုက်ခြင်းဖြစ်သည်။ ဆွေက ဒေါသနဲ့သံသယဆိုတဲ့ မျဉ်းကြားထဲကမထွက်နိုင်သရွေ့ နိုင်ပြောသမျှကိုလည်း လက်သင့်ခံနိုင်မည်မဟုတ်။ ဒေါသကိုမျိုသိပ်ပြီး သံသယပွားနေရင် အချစ်ဆိုတဲ့အရာကလည်း ကြား၀င်တိုးနိုင်ဖို့လမ်းစရယ်မရှိ။

"ဒုတ်ထိုးဘဲ လာစားတာလား"

"နိုင်လိုမင်းထက်!!"

"ဟားဟား....ဟုတ်ပါပြီ ဒုတ်ထိုးလာစားတယ်ဘဲဆိုပါစို့"

သိကျွမ်းဆွေသည် မျက်ထောင့်နီဖြင့်စိုက်ကြည့်လိုက်သည်။ နိုင်က မပီတပိပြုံးရင်း ပါးစောင်းကိုလျှာဖြင့် ထိုးကာ သူနဲ့တစ်လှမ်းအကွာလောက်တွင် ရပ်နေသည်။ သိကျွမ်းဆွေသည် လည်ပင်ကျောများပင် ထောင်မတ်လာသည့်တိုင် ဒေါသမီးဟုန်းဟုန်းတောက်နေသည်။

ဒါနိုင် သူ့ကိုမယုံကြည်တာပဲမဟုတ်လား။ နိုင်က ဆွေ၏ စောင့်ထိန်းမှုအပေါ် သံသယဖြစ်လာသည်မဟုတ်လား။ သတ်ပစ်လိုက်ဖို့ကောင်းသည်။ ချစ်တာကိုလည်းသူသိသည်။ အစစအရာရာလိုက်လျောပေးတာကိုလည်းသူသိသည်။ အဲ့တာတောင် ကိုယ့်အပေါ်သံသယမကင်းရင်တော့ သတ်ပစ်လိုက်ဖို့ကောင်းသည်။

"မင်းက တစ်ခါတစ်လေ သိပ်ရွံဖို့ကောင်းတယ် နိုင်။ မင်းလုပ်ချင်တာလုပ်ပြီး ဘာမှမဖြစ်သလို နေ,နေနိုင်တယ်။ ဘာလဲ ရိုင်းကိုလည်း နှိုက်မြည်းမယ်။ ငါ့ကိုလည်း ကစားမယ် အဲ့သလိုလား"

Pyit Taing HtaungDonde viven las historias. Descúbrelo ahora