Part-16🎭

1.3K 108 20
                                    

Unicode;;;

စားပွဲဝိုင်းအလည် က အငွေ့တထောင်းထောင်းနဲ့ မာလာရှမ်းကော ပန်းကန်မှ ပြောင်းဖူး၊ ဟင်းရွက်၊ ပုစွန်၊ပင်လယ်စာ၊အသားတို့၏ အနံ့တို့က အာရုံကိုတိုးတိုက်ကျီစယ်နေသည်။ အမယ်စုံစုံနဲ့ ချက်ထား‌သော ပူပူနွေးနွေး မာလာရှမ်းကောသည် သရေတမျှမျှကျချင်စရာ။

‌နိုင်သည် မာလာရှမ်းကောထဲတွင်ပါသော ပုစွန်များကို သူ့ပန်းကန်ထဲ ရွေးထည့်နေသည်။  နိုင်ပုစွန်တော်တော်ကြိုက်ပုံဘဲ။

ထို့နောက် နိုင်သည် ပုစွန်အခွံကိုခွာက သိကျွမ်းဆွေ၏ ပန်းကန်ထဲ ပုံပေးလာသည်။

ယမုံနှင့် ဇွဲတို့က တစ်ယောက်နှင့်တစ်ယောက် တွတ်ကာ စကားပြောသော မျက်လုံးများဖြင့်ကြည့်နေကြသည်။

"နိုင် ရပြီ။ ရပြီ။ ငါ့ပန်းကန်ထဲ များနေပြီ"

မနေနိုင်၍ တားရသူက ဆွေပင်။

"အ ပါးစပ်ဟ။ ကိုယ်ခွင့်ကျွေးမယ်"

နိုင်သည် ပုစွန်ကွေးကို ဆွေ့ပါးစပ်နားအထိ တိုးကပ်ပေးလာသည်။
ယမုံသည်လည်း မဆီမဆိုင် သူပါ ပါးစပ်လိုက်ဟနေ၏။ ဇွဲကဖုန်းထုတ်ကာ ပုံရိုက်နေသည်။

အမှီအခိုကင်းကင်းရှင်သန်တတ်တဲ့ ဆွေ့ဘ၀ထဲကို နိုင်သည် နယ်ချဲ့‌နေသည်။ နိုင်၏ အသေးစိတ်ဂရုစိုက်တတ်မှုအပေါ် ဆွေလည်း သာယာမိသည်။ ရင်ခုန်မိသည်။ သို့သော် လှိုက်လှိုက်လှဲလှဲမရှိလှပါ။

ဆွေ့အတွေးသည် ဘ၀ဇာတ်စင်ပေါ် သူ့နဲ့စတဲ့ဇာတ်က အဆုံးထိသူနဲ့ဘဲ ဖြစ်ရမည်ဆိုသလိုဖြစ်နေသည်။ အခုက လိုက်ကာဖယ်ကာ ကကြိုးဆင်ဖို့ပြင်နေဆဲကာလပေမို့ ဆွေအတွက် တစ်စုံတစ်‌ယောက်ကို ရွေးချယ်ရန်အကျပ်ရိုက်နေသည်။

"တော်ကြပါတော့။ တောင်းပန်ပါတယ်။ ဆွေလည်း မစားချင်ရင် ငါ့ကိုကျွေး။ ဇွဲ ချိုactiveဖြစ်လားကြည့်ကြည့်"

ယမုံသည် ခေါက်ဆွဲများကို ပလုတ်ပလောင်းစားရင်း ပလုံးမထွေးပြောလာသည်။ လေလုံးပင်မကွဲသည့် အသံကို အားစိုက်၍ မနည်းနားထောင်ယူရသည်။

"အင်း ဖြစ်တယ်လေ။"

"ခေါ်လိုက်... ခေါ်လိုက် မယ်မင်းကြီးမနဲ့ စကားမပြောရတာကြာပြီ"

Pyit Taing HtaungWhere stories live. Discover now