Part-6🎭

2.8K 238 19
                                    

Unicode::::

အိမ်အလယ်ခန်းက လက်တန်း‌ပါတဲ့ထိုင်ခုံ‌လေးမှာ ထိုင်ရင်း မေမေသည် ပုတီးတချက်ချက်စိပ်နေ၏။ မေမေ့၏ စိပ်ပုတီးသံကို ဆွေ phyတွက်နေရင်း ကြားနိုင်လောက်အောင် အိမ်ကြီးသည် တိတ်ဆိတ်နေသည်။

ဗိုက်ကလည်း တဂွီဂွီနဲ့ ဆာလောင်မှုအဆင့်အမြင့်ဆုံး ရောက်နေပြီကို ဖော်ပြလာသည်။

"မဖြစ်သေးပါဘူး။ ထမင်းထစားမှဖြစ်မယ်လေ။"

Physicစာအုပ်ကို ပိတ်ပြီး ဆွေသည် အခန်းထဲမှထွက်လာသည်။ ထို့နောက် ထမင်းစား စားပွဲနား သွားရင်း

"မေမေ ထမင်းစားပြီးသွားပြီလား"ဟု အသံပြု လှမ်းမေးလိုက်၏။

မေမေသည် နှုတ်ခမ်းလေးလှုပ်တယ်ဆိုရုံပြုံးရင်း ခေါင်းငြိမ့်ပြလာ၏။ မေမေ့အပြုံးသည် အိမ်ကျဉ်းလေးထဲက မီးရောင်ဝါဝါတွင်ထက် ပိုတောက်ပသည်။

"နေ့ခင်းကတောင် သားအဖေလာသေးတယ်"

မေမေ၏ နှစ်ကိုယ်ကြားရုံ ခပ်တိုးတိုးအသံကြောင့် ဟင်းခူးနေတဲ့ ဆွေလက်များရပ်တန့်ကုန်လေသည်။

"ခဏလေးပါဘဲ။ လိုအပ်တဲ့ သူပစ္စည်းတွေလာယူပြီး ပြန်သွားလေရဲ့။"

"....."

မေမေက မတားဘူးလားလို့  စိတ်ထဲကနေသာ မေးခွန်းထုတ်နေသည်။ မေးလိုက်လို့ မေမေစိတ်မကောင်းဖြစ်သွားမှာကို သူမလိုလားပေ။ သို့သော်ငှာလည်း မေမေသည် ဆွေ့အကြည့်များကို သဘောပေါက်ဟန်ဖြင့် သက်ပြင်းကို တိုးလျလျလေးချပြီး

"ထွက်သွားချင် နေတဲ့သူကို အတင်းဆွဲခေါ်ထားရင် နှစ်ဖက်လုံးပင်ပန်းတာဘဲ အဖတ်တင်မှာပေါ့။ "

"......."

"ဆွဲထားတာတွေက တင်းလွန်းရင်လည်းပြတ်တတ်သလို၊ မဆွဲထားရင်လည်း လွတ်တတ်တယ်ကွဲ့။"

ဆွေကို ပြောပြသလိုဖြင့် တစ်ယောက်ထဲ မြည်ကျွေးနေခြင်းသာဖြစ်သည်။

"ကယ်...ကယ်...သားစားပြီးရင် ခဏနားပြီး စာပြန်ကြည့်ပေါ့။ မေမေလည်းခဏလေးမှိန်းလိုက်အုန်းမယ်"

ထို့သို့ဆိုကာ မျက်လွှာချရင်း မှိန်းကာမောကာ အိပ်သွားသည့် မေမေ့ကိုကြည့်ပြီး ဆွေ့ရင်ထဲ မောဟိုက်လာသည်။ ဒုက္ခမျိုးစုံကြိုးခုန်ပြီး ဖြတ်သန်းလာကြသည့် အိမ်ထောင်တစ်ခုက ရမ္မက်အလိုကြောင့် လွယ်လွယ်ကူကူပျက်စီးရသည်တဲ့လား။

Pyit Taing HtaungTempat cerita menjadi hidup. Temukan sekarang