Part-5🎭

3.3K 231 25
                                    

Unicode;;;;

ဆိုင်းမဆင့်၊ဗုံမဆင့် ခပ်စိပ်စိပ်နဲ့ သည်းကြီးမည်းကြီးရွာနေတဲ့ မိုးကို ‌စိတ်ပျက်စွာနှင့် မော့ကြည့်လိုက်မိသည်။ မြောင်းရေများလည်းပြည့်ကာလျှံနေပြီ။ ပင်ယံထက်ကပန်းပွင့်တချို့ မိုးစက်ကြမ်းကြမ်းကြောင့် အစုလိုက်မြေခနေကြသည်။

"ဒီမိုးနဲ့တော့ ဒုက္ခပါဘဲ"

အဆက်မပြတ်ရွာနေသည့် မိုးကြောင့် ပတ်၀န်ကျင်းတစ်ခုလုံး မှိုင်းကာဖြင့် မမှောင့်တမှောင်လေးဖြစ်နေသည်။

"မိုးတွေက အေးချမ်းပါတယ် ဆွေရယ်။ ကိုယ့်စိတ်အလိုမကျတာနဲ့ သူ့သဘာ၀အလျောက်ရွာတဲ့ မိုးတွေကို အပြစ်ဖို့ချင်စမ်းမနေပါနဲ့။"

တံဆက်မြိတ်ကနေ ကျဆင်းနေတဲ့ မိုးရေစက်များကို လက်ဖြင့် ခံယူရင်း ရီသွမ်းသွေးကာပြောလာသည့်ဇွဲ။ ဇွဲစကားလည်း မှန်နေသည်မို့ ဘာမှမပြောဘဲ တိတ်ဆိတ်နေလိုက်သည်။

ဘေးမှာရပ်‌ နေသည့် ကိုယ်တော်ချောကြောင့် စိတ်က‌တော့ အတော်ကိုအလိုမကျဖြစ်နေရသည်။

မိုးတိတ်ရန်ကို စောင့်နေသော်လည်း နဂိုထက်ပင် ပိုသည်းလာသည့်မိုး။ သစ်ရွက်၊သစ်ကိုင်းထက်မှာ ခိုတွဲကျဆင်းနေတဲ့ ရေစက်များကိုတာငေးနေမိ တော့သည်။ တိတ်ပါတော့မိုးရယ်လို့ ဆွေတစ်ယောက် အသံမထွက်ရုံ တောင်းဆိုနေမိသည်။အချိန်အားဖြင့်၅နာရီထိုးတော့မည်။

"ဒီလိုလုပ်ရအောင်လေ ငြိမ်းကို ငါ့စက်ဘီးနဲ့ တင်ပြီး အိမ်ပြန်ပို့လိုက်မယ်။ ဆွေကိုတော့ နိုင်ကတင်လိုက်ပေါ့။"

ခါးထောက်ရင်း သူ့အကြံကို ပြောပြလာတဲ့ ခကြောင့် နိုင့်ကိုမော့ကြည့်လိုက်မိသည်။ နိုင်က ‌ဆွေထက် ခေါင်းတစ်လုံးစာပိုမြင့်သည်။ သူကတော့ ဆွေ့ကိုတင်မယ်၊မတင်ဘူး စသဖြင့်လည်း မပြော။ ရီဝေဝေတော့ စိုက်ကြည့်‌နေသည်။

"လွယ်အိတ်တွေကရောဘယ်လိုလုပ်ကြမလဲ"

"ခက်တာမှတ်လို့ ငြိမ်းရယ် ကျောင်းခန်းထဲ ပြန်ထားခဲ့မှာပေါ့"

ခသည် လက်ထဲက အခန်းသော့ကို လှုပ်ရမ်းပြလာသည်။ ဇွဲကို ပြုံးပြနေသည့် အပြုံးများကတော့ အမှောင်ကို ဖြိုခွန်းတော့မည့်အလား။

Pyit Taing HtaungDonde viven las historias. Descúbrelo ahora