Part-24🎭

1.3K 97 0
                                    

Unicode::::

ယနေ့ညသည်နိုင်တို့ ချင်းပြည်နယ်ကို ‌နှုတ်ဆက်ရမည့် နောက်ဆုံးညဖြစ်သည်။ မနက်ဖြန်မနက်ဆိုရင် မန်းလေးကိုပြန်ကြတော့မည်။ ထို့ကြောင့် သည်နေ့ အဖိုး၊အဖွားတို့နဲ့ ကုန်ဆုံးရန် နှစ်ယောက်သား သဘောတူလိုက်ကြသည်။

အဖွားထားရီက နွားနောက်သားထောင်း နဲ့ ဆိတ်သားထောင်းကို တာ၀န်ယူပြင်ဆင်ပေးသည်။ ချင်းပြည်နယ်ကိုလာရင် မဖြစ်မနေစားသင့်တဲ့ အစားအစာထဲ နွားနောက်သားလည်းပါသည်။ နွားနောက်၏ အသားက နူးညံ့တော့ စားရတာ ခံတွင်း အတော်တွေ့သည်။

"လာလာ ခွက်ချင်းတိုက်ရအောင်"

"ချီးယာစ်......"

"ချီးးးယားယားစ်"

အသက်ကြီးပေမဲ့ လူငယ်တွေနည်းတူ အပြိုင်သောက်နိုင်တဲ့ အဖိုးမာန်ဟိန်းကိုတော့ နိုင်တို့ မချီးကျူးဘဲ မနေနိုင်။ မီးပုံဘေးမှာ ချင်းခြုံထည်ကြီး နှစ်ယောက်အတူ ခြုံရင်း ခေါင်ရည်ကို ဆိမ်ခံသောက်ရသည့် အရသာကတော့ နိုင်ရော ဆွေပါ သဘောကျကြသည်။

ခေါင်ရည်လေးတစ်ငုံ့၊ အမြည်းလေးတစ်လုတ်နဲ့ ချစ်သူလက်မောင်းပေါ် ခေါင်းမှီတင်ရင်း ယစ်မူးရတာလောက် ကောင်းတာဘာရှိမလဲ။

"အဖိုးကြီးနော် ရှင်တော်တော်ကဲ"

"ဟာ မဟုတ်တာ။ ကလေးတွေကို ပျော်စေချင်လို့ပါ"

"ရှင်ချည်းသောက်နေတာလည်း ပြောအုန်း။ ဟွန့် "

"ဟားဟား...တစ်ခုခုဆို ဟွန့်ကနဲလုပ်လိုက်ရမှ ငါ့မိန်းမပီသတာနော့"

အဖိုးသည် အဖွားထားရီကို ကျီစယ်စနောက်နေသေး၏။ နိုင်ကလေး ဆွေ့ခါးကို ခပ်တင်းတင်းသိုင်းဖတ်ထားလိုက်သည်။

"ကိုယ့်ရဲ့ ကျွမ်းလည်း အဲ့ဒီလိုဘဲ..."

"တစ်ခုခုဆို ငါ့ကိုဘဲ ခလုတ်တိုက်နေတာနော်"

"ချစ်လို့"

နိုင်သည် ဆွေ့နှာခေါင်းလုံးလုံးလေးကို ဖိညစ်လိုက်မိသည်။ သည်ကောင်လေးကို ဘာကြည့်ပြီးချစ်တာလဲလို့မေးရင် သူ့မှာအကြောင်းပြချက်ကြီးကြီးမားမားပေးစရာမရှိဘူး။ သေချာတာတော့ သည်တစ်ယောက်နဲ့ သည်ဘ၀ကို သည်အတိုင်းလေးကုန်ဆုံးသွားချင်သည်။

Pyit Taing HtaungWhere stories live. Discover now