Part-27.2🎭

918 71 9
                                    

Unicode:::::

သိကျွမ်းဆွေတို့၏ ခြံထဲကို လှမ်းမဝင်ဘဲ ရိုင်းအတော်အတန်ကြာအောင် ငြိမ်သက်စွာ ရပ်ကြည့်နေမိသည်။ ရိုင်းသည် ချစ်ခြင်း၏ ပြဇာတ်တစ်ပုဒ်ကို ကြည့်ရင်း လက်သီးခပ်တင်းတင်းဆုပ်ထားမိသည်။

ဘာကြောင့်များ သူမက အချစ်မခံရတာလဲ။
သူမမှာ ဘာချို့ယွင်းချက်များရှိသလဲ။ အမှန်တကယ်ဆိုရလျှင် သူမက နိုင်ကို အရင်စတွေ့ခဲ့သည်မဟုတ်လား။ ဘယ်နေရာမှာလွှဲ၍ သွားခဲ့သလဲ။ ဘယ်ကစမှားယွင်းခဲ့သလဲ သူမမသိ။ သူမ သိတာတစ်ခုတည်းက ယခုသိကျွမ်းဆွေနေရာသည် သူမ၏ နေရာဖြစ်ရမည်ဆိုတာဘဲ။

"နိုင်......."

ရိုင်း၏ အသံက မတိုးလွန်းမကျယ်လွန်းပါ။ သို့သော် နိုင်နဲ့ ဆွေကြားတိုးဝင်နိုင်လောက်သည့် ပမာဏရှိသည်။

"ရိုင်းနဲ့ ခဏလောက်အပြင်လိုက်ခဲ့ပါလား နိုင်။ ရိုင်းပြောစရာရှိလို့"

နိုင်သည် သူမကိုမယုံသင်္ကာ မျက်လုံးနှင့်ကြည့်သည်။ နိုင့်အကြည့်တွေက ခပ်စိမ်းစိမ်း။ ခပ်ရွံရွံဖြစ်နေသည်။ သိကျွမ်းဆွေကို လှည့်ကြည့်ပြီး လိုက်သွားရမလားဆိုတဲ့သဘောနဲ့ မှေးဆတ်ပြသည်။

*ကြည့်ထားလိုက်စမ်းပါ နိုင်။ ဝအောင်ကြည့်ထား။ သိပ်မကြာတော့ပါဘူး။ မင်းသိပ်ချစ်ပါတယ်ဆိုတဲ့သူအတွက် ငါအကောင်းဆုံးပို့ဆောင်ပေးမှာပါ*

ရိုင်းသည် နာကျည်းစွာ ရင်ထဲ အသံကျယ်ကျယ်ဖြင့်ဟိန်းနေသော်လည်း လက်တွေ့တွင် မခုတ်တတ်တဲ့ကြောင်ပမာ အသနားခံနေသည်။

"လိုက်သွားလိုက်လေ နိုင်။ ရိုင်းကိုကြည့်ရတာ တစ်ခုခုပြောချင်ပုံဘဲ"

နိုင်၏ လက်ကို ခပ်ဖွဖွလွှတ်ချပြီး သိကျွမ်းဆွေက သွားရန်ခွင့်ပြုလိုက်သည်။ နိုင်သည် ဖြစ်သင့်၊မဖြစ်သင့်ကိုလည်း ဆုံးဖြတ်တတ်နေသည့် အရွယ်။ ချစ်သင့်၊မချစ်သင့်ကိုလည်း သိတတ်နေတဲ့အရွယ်မဟုတ်လား။ နိုင့်အပေါ်ကို သူအကြွင်းမဲ့ယုံကြည်သည်။ နိုင်က ဘယ်နည်းနဲ့မှ ရိုင်းနောက်ကိုပါသွားမည်မဟုတ်။ ရိုင်း၏ ပယောဂတွေကြား နိုင်နစ်မွန်းမည်မဟုတ်။ နိုင်၏ နှလုံးသားတစ်ခုလုံးမှာ နေရာယူထားနိုင်ပြီဖြစ်တဲ့ မိမိကိုယ်ကိုလည်းယုံကြည်၏။

Pyit Taing HtaungWhere stories live. Discover now