Part-26.3🎭

1.1K 95 66
                                    

Unicode:::::::

သိကျွမ်းဆွေနှင့် နိုင်လိုမင်းထက်တို့၏ အကျဉ်းချုပ် မင်္ဂလာပွဲသည် လူကြီးသူမ၊ သိသူခင်သူအချို့ဖြင့် သိကျွမ်းဆွေ၏နေအိမ်တွင်သာကျင်းပကြသည်။

နိုင်က အထဲမှာ ဧည့်သည်နဲ့ စကားပြောနေတုန်း သိကျွမ်းဆွေသည် အနေအိုက်လာ၍ အပြင်သို့ ခဏထွက်လာလိုက်၏။ ယမုံနဲ့ ချိုကလည်း မီးဖိုချောင်ထဲမှာ လက်မလည်အောင် အချိုပွဲပြင်ပေးနေကြသည်။ အန်တီခင်တစ်ယောက်လည်း ပျောက်ခြင်းမလှ ပျောက်သွားသည်မှာ သိကျွမ်းဆွေကို နားလာဖောက်သည့် နေ့ကတည်းကပင်။

ဆွေသည် ယခင်ထိုင်နေကျနေရာ သရက်ပင်အောက်က ကွပ်ပျစ်ပေါ် ခြေလွှဲ၍ ထိုင်နေလိုက်သည်။

ခြံထဲကို ခပ်ဖြေးဖြေး၀င်လာသည့် ခွန်းနောင်ခကို မြင်တော့ နိုင့်ကို ၀မ်းမြောက်စွာအသံပေးလိုက်မိသည်။ နိုင်နဲ့ခက ပိုရင်းနှီးကြသည်မဟုတ်လား။

"နိုင်ရေ....ခတို့ရောက်လာတယ်"

"ဟုတ်လား အိမ်ထဲခေါ်၀င်လာလိုက်လေ"

ခွန်းနောင်ခသည် လူရုပ်၊သူရုပ်လေးနဲ့ မျက်နှာလည်း ချောင်ရာကနေ ပြန်ပြည့်လာပြီ။ သူအတော် ဖြတ်ကျော်နိုင်ခဲ့သားဘဲ။
ခ၏ နောက်တွင် မယွန်းနဲ့ အန်တီစိုးတို့ ထပ်ကြပ်မကွာလိုက်ပါလာသည်။

"Congratulationsပါ မောင်လေး"

"ဟုတ် အမ"

မယွန်းသည် သိကျွမ်းဆွေ လက်ကိုဆွဲပြီး ဂုဏ်ပြုနေသည်။ ကိုယ်ချစ်သောသူနှင့်အတူနေရခြင်းသည် လောကနိဗ္ဗာန်ကို ရရှိလိုက်ခြင်းမဟုတ်လား။ မယွန်းလည်း အားကျစိတ်လေးတော့ဖြစ်မိပါရဲ့။

"ဘာလုပ်နေကြတာလဲ"

နိုင်၏ အသံစူးစူးဝါးဝါးကြောင့် မယွန်းကိုယ်လေးသည် တုန့်ကနဲပင်ဖြစ်သွား၏။ အန်တီစိုးကလည်း ရင်ဘတ်ကို ဖိလျက် ထိတ်ထိတ်ပြာသွားသည်။ ခကတော့ ခေါင်ယမ်းရင်း ပြုံးစစလေးဖြစ်နေသည်။ ထို့နောက် ခမျက်နှာ ချက်ချင်း မှိုင်ကျသွားသည်။ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးတဲ့ ခပါ ကလား။

"ကျွမ်းနော် ကိုယ်လစ်ရင် လစ်သလိုဘဲ။ ကိုယ်က အထဲမှာ ဧည့်သည်နဲ့ စကားပြောနေတာကို"

Pyit Taing HtaungWhere stories live. Discover now