နှုတ်ဆက်လွှာ🎭

683 40 120
                                    

Both unicode and zawgyi....


နှုတ်ဆက်လွှာ& ဇာတ်ကောင်ရှင်းတမ်း

မင်္ဂလာပါဗျ....🤸

နောက်ဆုံးတော့
ကျွန်တော်ရဲ့ ဒုတိယမြောက်ficဇာတ်သိမ်းနိုင်ခဲ့ပါပြီ။ နိုင်နဲ့ကျွမ်းက ပြင်ပနဲ့အနီးစပ်ဆုံးပါဘဲ😭။ တကယ် ကျွမ်းကို ကြည့်ရင် ကိုယ့်ကိုပြန်မြင်ရသလိုပါဆို။ ရေးရင်း အားလည်းဖြစ်ရပါတယ်ဗျာ။

ကလေးတွေကို ခများတို့လက်ထဲအပြီးအပ်လိုက်ပါပြီ‌နော်
၆လကြာခဲ့တဲ့ ခရီးအဆုံးရောက်သွားခဲ့ချိန် အမှတ်တရလေးတွေရှိတာပေါ့‌။

အချက်အလက်မပြည့်စုံမှုနဲ့ အလုပ်တစ်ဖက်နဲ့မို့ အတော်ကြန့်ကြာခဲ့ရပါတယ်။ နားလည်ပေးတဲ့သူလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်နော်။

Ongoingလိုက်လာတဲ့သူတစ်ယောက်စီက ကိုယ့်ရဲ့ အားပါဘဲ။ တွန်းအားလေးလည်းဟုတ်၊ ဆွဲအားလေးလည်းဟုတ်နေပြန်ရော။ ချစ်ရဲ့နော်။ အားလုံးကို။
(နောက်ficလည်းogလိုက်ပေးကြပါအုန်း ဟီး။ upမှန်အောင် ကြိုးစားပေးပါ့မယ်လို့)

နောက်ပြီး ခုပစ်တိုင်းထောင်ကို reviewsလေးရေးပေးကြပါလား။ ဖတ်ရတာသဘောကျရင်ပြောပါတယ်။

ဒီအတောအတွင်းကူညီပေးတဲ့တစ်ယောက်ဆီကို ကျေးဇူးတင်ပါတယ်။ အတူရှိနေပေးတဲ့တစ်ယောက်ဆီကိုရော ကျေးဇူးတင်ပါတယ်။ ချစ်လည်းချစ်ပါတယ်ဗျာ....

တကယ်လိုအပ်ချက်များစွာရှိနိုင်တဲ့ ကဗျာမပီ၊စာမမီဆိုရင်တောင် ကျွန်တော်အနေနဲ့ ပြီးပြီးရောတစ်ခါမှ မလုပ်ခဲ့ပါဘူး။

ရေးတတ်လို့ ရေးနေတာမျိုးမဟုတ်ဘဲ အကောင်းဆုံးကြိုးစားနေတာမှု လစ်ဟာမှုတွေ လိုအပ်ချက်တွေ များစွာရှိနေနိုင်ပါတယ်။ ဖြည့်တွေးနားလည်းပေးဖို့ ကိုယ်ဘဲ တောင်းဆိုပါရဲ့နော်။

Vote, viewerမက်မောလားဆို မက်မောပါတယ်။ အဲ့ထက်မက်မောတာက ကျွန်တော်စာဖတ်တဲ့တစ်ဦးတစ်ယောက်ဆီတိုင်း စာဖတ်ပြီးရရှိသွားတဲ့ ခံစားချက်။ ရင်ထဲမှာ တစ်ခုခုကျန်သွားရင်ကိုရပါပြီ။

အစောပိုင်းက ပြောသလိုပါဘဲ။
ရုပ်ရည်ဆိုတာ အချိန်ကာလတစ်ခုသာသာဘဲဆိုတာ ပြချင်ရုံပါ
အမြဲဆုံးက တစ်ယောက်နဲ့တစ်ယောက်ကြားမှာရှိတဲ့မေတ္တာကြိုးနဲ့ သံယာဉ်ဇဉ်ရယ်ပေါ့။ နောက်ပြီး ကောင်းမွန်တဲ့ စိတ်ထားက လူတစ်ယောက်ရဲ့ အလှစစ်ပါဘဲ။ လောကကြီးမှာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြောယူမွေးဖွားခွင့်မရှိလို့ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဖြစ်တည်မှုနဲ့ လိုအပ်ချက်ကို ဖြည့်တွေးချစ်ပေးမဲ့သူကိုရှာပါ။ ကိုယ့်ကိုကိုယ်တန်ဖိုးထားတဲ့သူစီနေကြပါနော်။

Pyit Taing HtaungDonde viven las historias. Descúbrelo ahora