Part-8🎭

2.8K 208 32
                                    

Unicode::::

"အဖေ...လွန်လွန်းတယ်လို့ မထင်ဘူးလား"

"ဘာကိုလည်း ငါ့အိမ်ငါတက်နေတာဘာဖြစ်လဲ"

"အဖေ့အိမ်ကို အဖေတစ်ယောက်ထဲတက်လာနေရင် ကျနော်ဘာမှမပြောပါဘူး။ ‌ခုက အမေ့ရက်တောင်မလည်သေးဘူးလေ။  နောက်မိန်းမကိုပါ အိမ်ပေါ်ခေါ်တင်တယ်တဲ့လား။"

ဆွေသည် ဒေါသမပါအောင် အသံမကျယ်အောင် အတတ်နိုင်ဆုံးထိန်းကာပြောနေ၏။ အသုဘချပြီးပြီဖို့ လူသိပ်မများတော့ပေ။ မီးဖိုချောင်ထဲ ညအတွက်၊ မနက်ဖြန်အတွက် ချက်ပြုတ်နေသူနှင့် အိမ်ရှေ့ အရိပ်စင်အောက်တွင် ထိုင်နေသူ တစ်ယောက်စ၊နှစ်ယောက်စသာရှိတော့သည်။

အမေ့အလောင်းမီးသဂြိုလ်ပြီးပြန်လာတဲ့နောက် အဖေက သူ့နောက်မိန်းမကို ခေါ်ပြီး အိမ်ဦးခန်းမှာ မိန့်မိန့်ကြီးထိုင်နေသည်။ မီးခိုးငွေ့အဖြစ်လောင်ကျွမ်းသွားတဲ့ မေမေ့ အငွေ့တွေတောင် လေထုထဲက မကုန်စင်လောက်သေးဘူး။ ဖေဖေကလုပ်ရက်လွန်းပါသည်။ ဒါတွေက သူ့အမေ့ပေါ်ထားတဲ့ အချစ်တွေများလား။

မယားငယ်ဆိုတဲ့သရဖူကို အားရကျေနပ်စွာ အဟုတ်ကြီးထင်ဆောင်းထားသည့် မိန်းမပျိုသည်က ဆွေ့အဖေထက် ဆယ်နှစ်လောက်ငယ်လိမ့်မည်။ 'နွားအိုမြက်နုကြိုက်'ဆိုတဲ့ စကားပုံတွေက လူတစ်ချို့ရဲ့ စရိုက်ကို ထောက်ပြနေခဲ့သည်ဘဲ။

"သမီးနှင်းလေး ဖေဖေ့ဆီလာပါအုန်း။ ဒါက သမီးရဲ့ မေမေအသစ် ခင်သူဇာတဲ့"

"မေမေက အစားထိုးလို့ရတယ်ပေါ့ ဖေဖေ။ တီမျိုးပြောတာ သမီးရဲ့မေမေက ကောင်းကင်ကနေကြည့်နေမှာဆို။ အခုလို မေမေအသစ်တစ်ယောက်ရလာတာသိရင် မေမေငိုနေမှာပေါ့"

"မဟုတ်တာ သမီးရယ်"

ဒါက ဆယ်နှစ်ကျော်ကလေးမတစ်ယောက်ရဲ့ သိစိတ်ရဲ့စကားပါ။ ကလေးကစ ခုအခြေအနေက သေဆုံးသူအတွက် ရင်နာဖွယ်ကောင်းတာကို သိနေပုံထောက် ဖေဖေနဲ့အတူ မျက်နှာပြောင်တိုက်လိုက်လာတဲ့ ဒီအမျိုးသမီးလည်း သိ‌သင့်ပါသည်။ နည်းနည်းဖြစ်ဖြစ်တော့ ရှက်သင့်သည်။

နှင်းရဲ့ စကားကြောင့် ရွှင်ပြပြဖြစ်နေတဲ့ မိထွေးမျက်နှာ ပျက်သွားသည်။ သို့သော် ပလီပလာမာယာကျမ်းကို ညက်ညက်ကျေ ကျွမ်းကျင်တဲ့သူ ပီသစွာ အလှဆုံးပြုံးကာ သမီးလေးကို လှမ်းဖတ်ရင်း အိန္ဒြေဆည်ပြန်၏။

Pyit Taing HtaungWhere stories live. Discover now