Part-19🎭

1.2K 107 9
                                    

Unicode

"သိကျွမ်း တစ်ရေးဖြစ်ဖြစ်အိပ်လိုက်ပါအုန်း။ "

"ရတယ် ကိုမင်း။"

"မဆိုးပါနဲ့ ကလေးရာ။ ကိုယ်ကနည်းနည်းနားစေချင်ရုံပါ"

ဆေးအရှိန်ကြောင့် တရေးတမောအိပ်ပျော်နေသည့် အဖေကို လာရောက်စစ်ဆေးရင်း ကိုမင်းက ဆွေ့ကို ဂရုဏာမကင်းပြောသည်။ ဆွေသည် အားပျော့စွာပြုံးပြရုံမျှသာတုံ့ပြန်သည်။ ဆွေ အိပ်ရန်ကြိုးစားတိုင်း အတွေးတွေများရသည်။ အိပ်မက်တွေကြောင့် အမောတကာအမောဖြင့် နိုးထရတတ်သည်။

အဖေ နိုးနိုးလာချင်း ၀ရုန်းသုန်းကားဖြစ်သွားလို့ အတော်ထိန်းလိုက်ရသေးသည်။ ဆွေမှန်းချက်အတိုင်းဖြစ်ခဲ့သည်ဟုဆိုရမည်။ ထိုထက်ဆိုးဝါးတာက တွေ့ရာပစ္စည်းနဲ့ကောက်ပေါက်လို့ ဆွေ့နဖူး ကွဲပြီး သွေးစိမ်းရှင်ရှင်ထွက်ခဲ့ရ၏။

"ဒီပုံစံအတိုင်းဆို အားဆေးဖြစ်ဖြစ် သွင်းရလိမ့်မယ်။ လူကပိန်လှီးပြီး ဘိန်းစားလဒမှိုင်လိုဖြစ်နေပြီ သိရဲ့လား"

ဆွေက အဖေ့ခြေရင်းတွင် တင်ပစုံလွှဲထိုင်နေ၏။ ‌ကိုမင်းသည် ဆွေ့နဖူးကိုစမ်းသပ်ရင်း တတွတ်တွတ်ပြောနေသည်။ စမ်းသပ်စစ်ဆေးရတာက ဆရာ၀န်တစ်ယောက်၏ အလုပ်မို့ ဆွေ အရေးတယူမထားလှပါ။

"ကြားလား ခွေးပေါက်လေး"

ကိုမင်းသည် ဆွေ့ နဖူးကို မနာအောင် ခပ်ဖွဖွထုသည်။ နောက်ပြီး သွားတန်းဖွေးဖွေးတွေပေါ်အောင်ရီနေပြန်သည်။ ဆွေ့ထက် ၇နှစ်ကြီးသည်လို့ကိုမထင်ရအောင် ကလေးဆန်နေတတ်သည်။

"ကျနော်အဆင်ပြေပါတယ်။"

"ကြည့် အဆင်ပြေပါတယ်ပြောတဲ့လေသံကအစ အဆင်မပြေတာ။"

ကိုမင်းသည် ဆွေ့ မှေးကနေပင့်ကိုင်ရင်း ပြောတော့ ဆွေမနေတတ်စွာ ရုန်းလိုက်မိသည်။ ထိုအခါကိုမင်းက အားရစွာပြုံးပြန်သည်။ သူ့(မင်းယက္ခ)လက်ကို အိတ်ကပ်ထဲ ထိုးထည့်ရင်း ဆွေ့နဲ့ နီးကပ်စွာ ခါးကိုင်းလာသည်။

" ဒီလိုလုပ် ကိုယ်တို့ လက်ဖက်ရည်ဆိုင်ခဏသွားထိုင်ကြရအောင် စိတ်ပြေလက်ပျောက်ပေါ့"

Pyit Taing HtaungWhere stories live. Discover now