Part-23🎭

1.4K 96 5
                                    

Unicode:::


အဖြူရောင်သုတ်လိမ်းထားတဲ့ ဆေးရုံရဲ့ အခန်းတစ်ခန်းထဲ၀ယ် အကြင်သူသတိမေ့မျှော်နေသည်။ သတိမေ့နေတာ ဒီနေ့နဲ့ဆို ၂ရက်မြောက်နေ့ဖြစ်သည်။ သူ၏ ရောဂါသည်လည်း အသက်စိုးရိမ်စရာအခြေအနေဟု ဆရာ၀န်က ပြောသွားသည်။

သူ၏ အားအင်ချိနဲနေသော လက်နုနုများကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း တရှုံရှုံငိုနေသူလည်းရှိသည်။ ဘယ်သူက ကိုယ်ချစ်ရသူနဲ့ နောက်ဆုံးချိန်ကို ပျော်ပျော်ရွှင်ရွှင်ရီမောနေနိုင်မှာတဲ့လဲ။

ဆေးပုလင်းတစ်ဖက်၊သွေးပုလင်းတစ်ဖက်နဲ့ သူ့ကို ကြည့်ရင်း မျက်ရည်များတာကျိုးနေခဲ့သည်။ သည်လိုတွေဖြစ်မယ်မှန်းသိရင်  အဝေးကို မရှောင်ပုန်းဘဲ အရိပ်တကြည့်ကြည့်ရှိနေခဲ့ဖို့ကောင်းသည်။ အခုတော့ အချိန်တွေနှောင်းသွားခဲ့လေပြီ။ သတိမေ့နေရာကနေလည်း အသက်ဆုံးရှုံးသွားနိုင်သကဲ့သို့ သတိပြန်လည်လာလျှင်လည်း စိုးထိတ်စရာတဲ့လေ။

"ကျွီးးးး"

ဖွင့်ဟသွားသော တံခါးကိုလည်း သူ လှည့်မကြည့်နိုင်ခဲ့။ သူ၏ စက္ကန့်တိုင်းကို တခြားသူနဲ့ ကုန်ဆုံးရမည်ကို ကြောက်ရွံလာသည်။

"ခ...."

အရက်ပြန်နံ့နဲ့ သင်္ဘောဆေးနံ့ ရောထုံနေသည့် အခန်းထဲ ယမုံလှမ်း၀င်လိုက်သည်။

ခပ်တိုးတိုးအသံနည်းတူ သူ(မ)လက်များ ခပုခုံးထက် ကျဆင်းလာသည်။ သူမ၏ လက်တစ်ဖက်တွင် နှင်းဆီနီတွေ တစ်ပွေ့တစ်ပိုက်။

ပန်းဆိုလျှင် သဘောမကျတတ်တဲ့ ဇွဲက နှင်းဆီနီတွေကို  ခကြောင့်သဘောကျတတ်လာသည်။ နှင်းဆီနီကိုမြင်ရင် ပြုံးကာနေတတ်သူဖြစ်လာသည်။ နှင်းဆီရနံ့လေးကိုလည်း သဘောကျတတ်လာသည်။

"တစ်ခုခုသွားစားပါလား။ ငါဇွဲအဖော်ကျန်ခဲ့မယ်လေ"

"ငါမစားချင်ဘူး ယမုံ။"

ယမုံသည် နှင်းဆီများကို စားပွဲခုံပေါ် ဖြန့်ချလိုက်သည်။ ရေသေချာဆေးပြီး ဇွဲအတွက်ပန်းအိုးထိုးပေးရမည်။ သူမသည် မနက်ပိုင်း ဆေးရုံကို လာတိုင်း ဈေးကနေ နှင်းဆီတွေကို မရ ရအောင်၀ယ်လာတတ်သည်။ ဇွဲသတိရလာနိုးနိုးနဲ့ ‌ပန်းအိုးထိုး‌ ပေးရင်းစောင့်နေခဲ့သည်။

Pyit Taing HtaungDonde viven las historias. Descúbrelo ahora