Part-26🎭

1.1K 92 20
                                    

Unicode:::::

သိကျွမ်းဆွေသည် သူ့ကို အိမ်ရှေ့တွင်သာ ချထားစေပြီး နိုင်အားချိုနဲ့ယမုံကို အိမ်တိုင်ယာရောက်လိုက်ပို့စေလိုက်၏။ နိုင်ကလည်း ဆွေကို အိမ်ထဲထိ လိုက်ပို့ပါရစေ တကဲကဲဖြစ်နေသေးသည်။ အတင်းနှင်လွှတ်တာတောင် မျက်နှာတစ်ခုလုံး အနမ်းပေး နှစ်သိမ့်လိုက်ရသေးသည်။ အတော်ကိုဂျီကျတဲ့ ချစ်ဦးသူပါဘဲ။

အိမ်ထဲသို့မ၀င်ခင် သယ်ဆောင်လာသမျှ အပူတွေသက်သာအောင် သက်ပြင်းချရတာကလည်း အလုပ်တစ်ခုလိုကိုဖြစ်နေသည်။ အိမ်ထဲရောက်ရင် စိတ်ရှုပ်စရာအသစ်တွေက ဆီးကြိုနေအုန်းမှာကို ကြိုသိနှင့်နေသည်။

ဆွေသည် ပေါ့ပေါ့ပါးပါးဖြစ်စေရန် လေပူတွေကို မှုတ်ထုတ်ရင်း ခေါင်းကို ခပ်ပြင်းပြင်းခါသည်။

ထို့နောက် အိမ်ပေါ်တန်းမတတ်သေးဘဲ နောက်ဖေးခဏ၀င်ရန် အိမ်ဘေးကနေ ပတ်လာလိုက်သည်။ အန်တီခင်နဲ့ အဖေအတူနေသည့် အိပ်ခန်း ဟိုးအရင်တုန်းက အဖေနဲ့အ‌မေရဲ့ မင်္ဂလာဦးခန်းနားအရောက် အန်တီခင်ရဲ့ တီတိုးဖုန်းပြောသံကိုကြားလိုက်ရသည်။

"ဟုတ်ကဲ့ မမလေး။ မမလေးပြောသလိုဖြစ် စေရပါမယ်။"

"......"

"ဟုတ် စိတ်ချပါ။ မမလေး ဆန္ဒကို အကောင်အထည်ဖော်တဲ့ချိန် လိုအပ်ရင် ကျွန်မဘ၀ကို ချနှင်းလှည့်ပါ"

အန်တီခင်လို စရိုက်သမားတစ်ယောက် တရိုတသေဆက်‌ဆံနေတဲ့သူက ဘယ်သူပါလိမ့်။ စိတ်၀င်စားစရာတော့ကောင်းသား။

အန်တီခင်ရဲ့ နောက်ကြောင်းဆိုလို့ သူကမိဘမဲ့တစ်ယောက်ဖြစ်သည်။ အိမ်ဖော်လုပ်ရင်း သူဌေးတစ်ယောက်ရဲ့ လိင်အမြတ်ထုတ်မှုကြောင့် ထွက်ပြေးလာရာ အဖေ့ကားနဲ့တိုက်မိမလိုဖြစ်ပြီး မပြီးနိုင်တဲ့ရေစက်တွေဖြစ်လာခဲ့ရသည်။

အန်တီခင်က ဆွေ့အတွက်တော့ ရေစက်ဆိုးပါဘဲ။

"ဟူး...ဘာတွေအကြံထုတ်နေပြန်ပြီးလဲ မသိဘူး"

ဆွေသည် မမြင်မကန်း၊ဟိုစမ်းဒီစမ်းဖြင့် ‌ရေအင်တုံဆီရောက်အောင်သွားလိုက်သည်။ နောက်ဖေးက ရေအင်တုံမှာ ခြေလက်ဆေးခြင်းနဲ့ မျက်နှာသစ်ခြင်းအမှုကိုပြုသည်။ ရေကိုလက်ဖြင့် အနည်းငယ်ခပ်ယူပြီး လန်းဆန်းသွားအောင် ဇက်ပိုးကို တဖြတ်ဖြတ်ရိုက်သည်။

Pyit Taing HtaungWhere stories live. Discover now