Unicode
"သူငယ်ချင်းတွေနဲ့ထိုင်နေတာပေါ့ ခွန်း။ မလည်းထိုင်မယ်နော်"
လေတစ်ချက်အဝှေ့ကြောင့် လှုပ်ခါသွားတဲ့ ဆံစများကို သပ်ရင်း မယွန်းက ခရဲ့ မျက်နှာချင်းဆိုင် ယမုံဘေးတွင် ၀င်ထိုင်လိုက်၏။ ခမျက်နှာသည် လိုတာထက်ပိုတည်တင်းနေသည်။ ကြည့်ရတာ မယွန်းလာတာ မကြိုက်တဲ့ပုံစံပဲ။
"မောင်လေးတို့က ထွားလာလိုက်တာ မတွေ့တာ အတော်ကြာရောပေါ့"
ယမုံကတော့ တင်းမာနေတဲ့ လေထုကြောင့်နေရခက်နေသည်။ ဆွေက ဖော်ရွေစွာ ပြုံးပြနေရုံမျှသာ။ အဲ့ထက်လည်းမပိုရဲပေ။ နိုင်က အမဲဖြတ်မလိုကြည့်နေသည်လေ။
"ဘာလာလုပ်တာလဲ။ ကိုယ့်ဝိုင်းမှာ ကိုယ်မထိုင်တတ်ဘူးလား"
"ခွန်းဆီတမင်လာတာပါ။ ခွန်းမကြိုက်လို့လားကွယ်"
ခေါက်ဆွဲကိုထိုးစွရင်း အလိုမကျစွာ ပြောလာသည့် ခကို မယွန်းက လေသံအေးအေးဖြင့် ဆက်ရှင်းပြသည်။ ဇွဲက မသိမသာလှမ်းကြည့်ရုံကလွှဲ၍ စကားတစ်ခွန်းမဟ။ မယွန်းကတော့ နှုတ်ဆက်ချင်နေပေမဲ့ ခ၏ ရှူတူတူအကြည့်တွေကြောင့် မသက်သာပေ။
ခကတော့ သိပ်နေနိုင်တာပါပဲ။ မယွန်းကိုတစ်ချက်မကြည့်။ မယွန်းကဖြင့် ရတနာပုံမြေလှန်ပြီး တွေ့ချင်လွန်းလို့ရှာနေရတာ သူကဖြင့် မယွန်း ရောက်လာတာကို ငြိုငြင်နေတာ အသိသာကြီးပါ။
"ခွန်း ရှမ်းချဉ်တွေစားနေပြန်ပြီလား။ မစားနဲ့ကွယ်။ နေ့လည် ဆေးသောက်ရအုန်းမယ်မဟုတ်လား "
ရှမ်းချဉ်ကို ခေါက်ဆွဲထဲ နယ်ကဆွဲဖို့ပြင်နေတဲ့ ခလက်များရပ်သွားသည်။ မနားထောင်လို့လည်းမရ မယွန်းကိုယုံကြည်လို့ မေမေက ရတနာပုံကို တက်စေလို့ တစ်ချက်လွှတ်အမိန့်ပေးခြင်းဖြစ်၏။ သူ့စကားကိုလည်း မေမေ့စကားလို နားထောင်ရအုန်းမည်။
"ခွန်း ငရုတ်သီးတွေ တအားထည့်မစားပါနဲ့။ တည့်တာလည်းမဟုတ်ဘူး"
"ကျွတ်...."
မယွန်းကို စူးရဲစွာစိုက်ကြည့်ပြီး ခွန်းသည် စုတ်သတ်လိုက်၏။ မယွန်းကတော့ ဖျော့တော့စွာ ပြုံးရင်း တုံ့ပြန်သည်။ ဇွဲကတော့ မကြားချင်ယောင်ဆောင်ရင်း စာအုပ်ထဲခေါင်းငိုက်စိုက်နေသည်။
ESTÁS LEYENDO
Pyit Taing Htaung
Romanceအလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... See true beauty with your heart 💕 အလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... Cover crd from pinterest 🎭 Complete (U&Z) Start-20.10.2021 End-31.3.2022