Part-29.3🎭

1.1K 67 11
                                    

Unicode::::::::

"သူကတော့ ဘယ်လိုမှမဖြစ်ဘူးနော် နှောင်း။ အခုတောင် ထိုးအန်နေတာ"

နှောင်းသည် ခြံထဲက ကြက်များကို လှည့်ပတ်ကြည့်ရင်း ‌အနောက်ကနေ တကောက်ကောက်လိုက်ပြောနေသည့် ပေါက်စကို ခါးထောက်၍ကြည့်လိုက်သည်။

"ဖြစ်ပါတယ်....သူမှာမဖြစ် ဖြစ်အောင်လုပ်ချင်တဲ့ ဆန္ဒနဲ့ ရည်ရွယ်ချက်ရှိပါတယ်။ သူမျက်လုံးကို ကြည့်ရင်း မင်း မြင်နိုင်ပါတယ်ဟာ....။တို့ကို အာရုံနောက်က မလုပ်ချင်စမ်းပါနဲ့"

ပေါက်စသည် နဖူးကို ဖိရင်း သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ မြို့သားတစ်ယောက်က အခုလို ခြံအလုပ်တွေကို လုပ်နိုင်မည်တဲ့လား။ ကြက်ခြံထဲက ကြက်သံအပြင် ဘာမှမရှိတဲ့နေရာကို သူ့လို ချောချောသန့်သန့် မြို့သားက အလုပ်လာလုပ်သည်တဲ့။ အံ့ဩလို့ပင်မဆုံး။

"အော်....သူက ‌သိကျွမ်း...အဲ မဟုတ်ဘူး ပေါက်စနဲ့အတူနေမှာနော်"

"ဗျာ....ဖြစ်ပါ့မလား....သူနေနိုင်ပါ့မလား။ နှောင်းတို့ တဲထဲမှာဘဲ သူ့ကို ခေါ်သိပ်လိုက်ပါ။ ကျနော့တဲမှာက ကြွက်တွေက တောင်ပြေး၊မြောက်ပြေးနဲ့ သူအိပ်ရေးပျက်လိမ့်မယ်"

ကြွက်တွေည,ည အတော်သောင်းကျန်သည်ကတော့ အဟုတ်။ မခေါ်အိပ်ချင်စရာ ဘာအကြောင်းမှမရှိပေ။ မြို့သားကြီး အအိပ်ပျက်၊ အစားပျက်မည်ကို စိုးရိမ်စိတ်ရယ်ဖြစ်မိတာပေါ့။

"သူကိုတော့ နှောင်းလည်းမပိုင်ဘူး။ သူက သူ့ရည်ရွယ်ချက်နဲ့သူလာတာမို့လို့လေ။ "

ထိုသို့ပြောပြီး နှောင်းသည် အရှေ့သို့ကျလာသည့် သူ၏ ဖြောင့်တန်းနေသော ဆံစများကို တစ်ချက်ခါရမ်းသည်။ နသယ်စပ်ကို တစ်ချက်သပ်ပြီး အေးချမ်းစွာ ပြုံးနေသည်။

"ဒုက္ခပါဘဲ...."

"အဟမ်း....ကိုယ်ကဒုက္ခဆိုရင်တောင် နိဗ္ဗာန်ရောက်ကြောင်းကို ရှူမြင်နိုင်အောင် ပို့မဲ့ ဒုက္ခလှလှလေးပါ"

အနောက်ကနေရောက်လာသည့် မြို့သားကြောင့် ကျွန်တော်ပင် တုန့်ကနဲဖြစ်သွားသည်။ ခြံအတွင်းလျှောက်လမ်းသည် လူတစ်ယောက်လျှောက်စာသာဖြစ်သောကြောင့် လှဲမလိုဖြစ်သွားသည့် ကျွန်တော်ကို ထိန်းကိုင်ပေးထားသည့် လက်တစ်စုံ၏ အထိအတွေ့အောက် တစ်ကိုယ်လုံးပင် ပုံကျချင်မိသည်။ သည်အထိအေတွ့တွေသည် တစ်စက်မှာတစ်ခါရဖို့ သီးသန့်ဆုပန်ရမည့် အထိအတွေ့မျိုးဖြစ်သည်။

Pyit Taing HtaungDonde viven las historias. Descúbrelo ahora