Part-29.5🎭

1K 65 8
                                    

Unicode:::::::

ပြင်ဦးလွင်မှသည် ကြက်ခြံကို ပြန်ရောက်တော့ အတော်ကိုမိုးချုပ်နေလေပြီ။ နိုင်သည် ပေါက်စကို တဲမှာ ပို့‌ပေးပြီး အသွားတုန်းက မြင်လိုက်ရသည့် အငွေ့တလူလူထနေသည့်မီးသွေးဖိုဆီ ခဏဆိုကာထွက်လာလိုက်သည်။

ပေါက်စပြောပြသည့်အတိုင်းဆို ယခုသူမြင်နေရသည့် မီးသွေးဖိုက ဘုန်းကြီးကျောင်းပိုင်တဲ့။ တစ်ရက်ကို ရွာထဲကယောင်္ကျားလေးတစ်ယောက် ဒါမှမဟုတ် တစ်ပတ်ကိုတစ်ယောက် လူပြောင်း၍ ရွာကျောင်းအတွက် မီးသွေးဖုတ်ပေးကြသည်တဲ့။ ရလာတဲ့ မီးသွေးကို ဘုန်းကြီးကျောင်းအတွက် သုံးလိုကသုံးပြီး ပိုလျှံနေပါကာ ရောင်းပြီး အလှူငွေရှာကြသည်။

နိုင်သည် ဘေးပတ်ပတ်လည် ပတ်၀န်းကျင်တစ်ဝိုက်ကို အကဲခတ်ကြည့်မိသည်။ အတော်ကို မှောင်ပိန်းပြီး ရာဇ၀တ်မှုတွေဖြစ်နိုင်သည့် အနေအထားမျိုးကိုတွေ့ရသည်။ မီးသွေးဖိုနှင့် မျက်စောင်းထိုး ခပ်လှမ်းလှမ်းက သိကျွမ်းဆွေ လုပ်ကြံကားတိုက်ခံလိုက်ရသည့် နေရာဖြစ်သည်။

"ကလင်း...ကလင်း....တင်း တင်း"

အပ်ကျသံပင်မကြားရသည့် ပတ်၀န်းကျင်တွင် နိုင်၏ ဖုန်းမြည်သံက အထင်းသား။ ညဖက်ကျက်စားသည့် ငှက်သံကိုလည်း ခပ်တိုးတိုးကြားနေရသည်။

"ဟယ်လို ယမုံ။ ပြော"

"....."

"အေး ကြားတယ်"

"....."

"အင်း စိတ်ချမယ်နော်။ လောလောဆယ်မိုးမိတ်မှာ ထိန်းသိမ်းထားလိုက်ပြီ ဟုတ်လား။ မျက်‌ခြေမပြတ်စေနဲ့"

"......"

"ကောင်းပါတယ်။ တဖြည်းဖြည်းရင်းနှီးမှုယူရတာပေါ့။ လုံးလုံးလျာလျာမေ့သွားတာမျိုးမို့ အချိန်နည်းနည်းယူရတယ်။ တိုးတက်လာပါပြီး သိပ်မကြာတော့ပါဘူး။ ငါတို့ ပျော်ရမဲ့ ရက်နီးလာပြီ။"

"....."

"အေး ဒါဘဲ"

ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်ပြီး မီးသွေးဖိုအနား တစ်လှမ်းဆီ မဝံ့မရဲလှမ်းသွားလိုက်သည်။ လက်ထဲက ဓာတ်မီးဖြင့် ဟိုဒီထွန်းကြည့်မိသေးသည်။ သစ်ရွက်ခြောက်၊သစ်ကိုင်းခြောက် နင်းမိတဲ့ အသံတွေကလည်း အသဲထိတ်ချင်စဖွယ်။

Pyit Taing HtaungTempat cerita menjadi hidup. Temukan sekarang