Part-14🎭

1.4K 111 5
                                    

Unicode;;;

"ကယ်နေရာ ပြန်ယူ...ရိုက်မယ်..၁..၂..၃..."

"ယမုံ!!!!"

-----

"ဟားဟား ငါဒီပုံလေးကို တော်တော်သဘောကျတယ်။ နင်တို့ လေးယောက်လုံး ငါ့ကို ကြည့်နေကြတာလေ"

ဦးပိန်တံတားပေါ် လက်ချင်းမချိတ်ပေမဲ့ စိတ်ချင်းချိတ်ရင်း လျှောက်နေသည့် ကောင်လေး၄ယောက် အလည်က ယမုံသည် ကျေနပ်ပီတိတို့ဖြစ်နေသည်။

"နင်က ငါတို့ဖင်ကို လာရိုက်တာကို နှာဘူးမ"

"ဟီးဟီး"

ယမုံသည် ဓာတ်ပုံရိုက်ရင် ကင်မရာကိုမကြည့်ရကောင်းလားဆိုပြီး အားလုံးရဲ့ ဖင်ကိုလှမ်းရိုက်လိုက်သည်။ ကင်မရာမန်းကလည်းအချိန်အခါကောင်းကို အမိအရ ဖမ်းမိလိုက်သည်။ ပုံထဲတွင် အားလုံးက ယမုံကိုကြည့်နေကြသည်လေ။

"ဟဲ့ ဒီမှာလာကြည့်အုန်း"

"အား ကန်တော့"

ပခုံးချင်း ယှဉ်တိုက်မိတဲ့သူကို ဆွေ အလျင်အမြန် တောင်းပန်လိုက်သည်။ တောင်းပန်ရင်း မော့ကြည့်လိုက်တော့ ရင်းနှီးသောသူဖြစ်နေ၏။

"ဟင် ဒေါက်တာ"

"သိကျွမ်းက မှတ်မိသားဘဲ"

ဒေါက်တာသည် အဝေးကနေ လှမ်းမြင်ကတည်းက သိကျွမ်းဆွေမှန်း မျက်မှန်းတန်းသိသည်။ မျက်၀န်းတိမ်တိမ်တွေနဲ့ ထိုကောင်လေးကို မင်းယက္ခတမင်၀င်တိုက်လိုက်ခြင်းဖြစ်သည်။ သိကျွမ်းဘေးက ထောင်ထောင်မောင်းမောင်းနဲ့ သူ(နိုင်လိုမင်းထက်)က စိုက်ကြည့်နေသည်။

"သူငယ်ချင်းတွေနဲ့ လာလည်တာလား သိကျွမ်းက"

"ဟုတ်တယ် ဒေါက်တာ"

"ကိုယ်က မင်းရဲ့ဖုန်းကိုမျှော်နေတာ။ မခေါ်လာဘူးနော် သိကျွမ်းက"

မင်းယက္ခသည် ညနေပိုင်း အားလပ်ချိန်ဆိုလျှင် ကားတစ်စီး၊ ကင်မရာတစ်လုံးဖြင့် မြို့အနှံ့ပတ်ကာ လွတ်လွတ်လပ်လပ်နေတတ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုအချိန်တွင် မင်းယက္ခသည် သာမာန် street photographerတစ်ယောက်။

သိကျွမ်းဆွေနှင့် သူသည် ရေစက်များရှိ၍လားမသိ။ ဆုံတွေ့ပုံကအစ ချစ်ဖို့ကောင်းသည်။

Pyit Taing HtaungWhere stories live. Discover now