Part-25🎭

1.3K 99 10
                                    

Unicode:::::;

မောင် ငါ့ကို အဖြေတောင်းတဲ့နေ့။ ဒါမှမဟုတ် မောင်တစ်ယောက်ထဲပျိုးနေခဲ့တဲ့ အချစ်သစ်ပင် မြေလှန်ခံလိုက်ရတဲ့နေ့။

အိမ်ကနေ မထွက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ရတယ်။ မောင့်ကို အဝေးတစ်နေရာတွန်းပို့ရတော့မှာပါလားဆိုတဲ့ သိစိတ်ကြောင့် အိပ်မရခဲ့ဘူး။ အိပ်ဆေးသောက်ပါလျက် အိပ်မရခဲ့ဘူး မောင်။ မောင်အကြောင်းလေးတွေ တွေးရင် အိပ်မောကြတတ်လာတဲ့ ငါ့အတွက် မောင်မပါတဲ့နေ့ကာ ဟာတာတာဖြစ်တဲ့ ပြဿဒါးနေ့ပါဘဲ မောင်။

အချိန်နာရီရဲ့ မိနစ်စက္ကန့်တွေကို မောင့်နာမလေးရေရွတ်ဖြတ်ကျော်တတ်လာတဲ့ ကျနော့အတွက် မောင်က ရင်ထဲဖြတ်သန်းစီးဆင်းနေတဲ့ တစ်စင်းထဲသော မေတ္တာစမ်းချောင်းငယ်ဖြစ်လာတယ်။ မောင်ဆိုတိုင်း ရင်ထဲက တလှုပ်လှုပ်။ ရုပ်မမြင်ရလျှင်ပင် မောင်ဆိုတဲ့နာမ်ကြောင့် ခွေကနဲ ခေါက်ကနဲဖြစ်နိုင်တယ်။

မောင်ချိန်းထားတဲ့ ရတနာပုံကျောင်း၀န်းကြီးရဲ့ တစ်နေရာကိုရောက်တော့ မောင့်ကိုမြင်ပါပြီတဲ့။ ချစ်ကြည်နူးနေတဲ့ ငှက်မောင်နှံကို အားကျတဲ့ မျက်လုံးတွေနဲ့ ငေးနေတဲ့ မောင်က "ငါလည်းအချစ်ခံရတော့မှာကွ"ဆိုပြီး ဂုဏ်ယူ၀င့်ကြွားနေမလား။ "ငါလည်း မင်းတို့နဲ့အပြိုင်ချစ်ပြမယ်"ဆိုပြီး ကြုံးဝါးနေမလား မောင်။

မောင်က စိတ်ကူးယဉ်သိပ်ဆန်တယ်။ ကြည့်ပါအုန်း။ မောင်က သွားဖွေးဖွေးတွေ ပေါ်အောင်ရီနေပြန်ပြီ။ ရီရင်း သဘောကျစွာ ခေါင်းခါရမ်းနေတဲ့ မောင့်ပုံလေးကို နှလုံးသားထဲ မှတ်တမ်းတင်လိုက်မိတယ်။ အချစ်ဘယ်ကစလည်းသိတဲ့ချိန်က မောင်ကို နက်နက်ရှိုင်းရှိုင်းချစ်မိနေတဲ့အချိန်ပါဘဲ။

မောင်က အဲ့နေ့မှာ နေမင်းနဲ့အပြိုင်တောက်ပနေတဲ့ လူသား။ ပဘာ၀တီက ကိုယ်ရောင်ကိုယ်ဝါတောက်‌ပြောင်သတဲ့လေ။ မောင်က အဲ့တာထက်ကို ပိုတောက်ပနေတာ။ မြန်မာဆန်တဲ့ မောင့်ပုံစံက ငါ့မျက်လုံးထဲကနေကိုမထွက်ဘူး။ မောင်က အချိုးအဆစ်ကျကျထုဆစ်ခံထားရတဲ့ သက်ရှိရွှေရုပ်စင်လေး။

ယောပုဆိုးအနက်က မောင်နဲ့ သိပ်ကိုလိုက်ဖတ်လွန်းတယ်။ မောင်က ရှေးဘ၀ကုသိုလ်ကောင်းခဲ့သည်ထင် ဘယ်လိုနေနေပြီးပြည့်စုံလွန်းပါတယ်။

Pyit Taing HtaungWhere stories live. Discover now