Part-18🎭

1.2K 106 3
                                    

Unicode;;;;;

ညီမလေးရဲ့ လက်ကိုဆွဲပြီး အနီးမှာရှိနေတဲ့ သုံးဘီးပေါ် သိကျွမ်းဆွေ ပြေးတတ်လိုက်မိသည်။

"အကို 58လမ်းက ဆေးရုံကြီးဆီကို မြန်မြန်မောင်းပေးပါ"

ဆွေစိတ်တွေ ဂနာမငြိမ်။ အဖေသာတစ်ခုခုဖြစ်ရင် အဖေ့အားကိုးနဲ့ မော်ကျော့နေတတ်တဲ့ ညီမလေးက ရင်ဘတ်စည်တီးငိုမိလိမ့်မည်။ အန်တီခင်ကလည်း အရာရာကို စိတ်တိုင်းကျ ထုခွဲရောင်းချလိမ့်မည်။ သူမှာ လုပ်ပိုင်ခွင့်တွေအပြည့်အ၀ရထားသည်လေ။

အဖေ့အိမ်နဲ့ခြံက အတော်ကျယ်တော့ တရုတ်သူဠေးတွေ အတော်မျက်စိကျကြသည်။ ပွဲစားပင်မလိုဘဲ တိုက်ရိုက်မေးတတ်လွန်းသည့် အိမ်မြေကွက်ကို အန်တီခင်ကလည်း ရောင်းရန်စိတ်အားထက်သန်နေသည်။ အမေနဲ့အမှတ်တရတွေရှိဖူး၍လား။ မိဘတွေနဲ့ ငယ်စဉ်ကတည်းကနေခဲ့ရ၍လား။ သားသမီးတွေရဲ့ခြေရာတွေ အက်ကြောင်းထက်နေခဲ့၍လားမသိ။ အဖေက အိမ်အိုလေးကို အတော်ချစ်ရှာသည်။ သံယောဇဉ်လည်းရှိသည်။

ညီမလေးရဲ့အေးစက်နေတဲ့လက်ကိုလည်း ဆွေဆုပ်ကိုင်ရင်း နှစ်သိမ့်ပြုံးလေးပြုံးပြလိုက်သည်။

"အဖေအဆင်ပြေမှာပါ နှင်းရေ...အဲ့လောက်ထိလည်း မလန့်ပါနဲ့"

အဖေ့အရေးပေါ်အခြေအနေကိုမျက်မြင်တွေ့ခဲ့သူတစ်ဦးကို ပြန်နှစ်သိမ့်နေရတာတော့ ရယ်စရာကောင်းသား။ မျက်ရည်စိုနေတဲ့ ညီမလေးရဲ့ ကျောကိုလည်း ဆွေပွတ်သတ်ပေးနေမိသည်။ အဖေ့‌စေတနာတွေက ညီမလေးအပေါ် ဆွေ့ထက်သာ၍ ယိုဖိတ်ခဲ့သည်။ ထို့ကြောင့် နှင်းရဲ့ တစ်ခုတည်းသော အားကိုးကလည်း အဖေပင်။ အဖေကိုမမြင်လျှင် ငိုနေတတ်၊မျှော်နေတတ်တဲ့ နှင်းကလည်း အဖေ့ကို တစ်ကမ္ဘာထင်သည်။

ပေတရာလမ်းပေါ် အရှိန်နဲ့ ဖြတ်ပြေးနေတဲ့ တုတ်တုတ်အဝါပေါ်ကနေ ဆွေ ငေးချင်ရာငေးနေလိုက်တော့သည်။ ဝှီးကနဲ ဖြတ်သွားသည့် ကားများကိုလည်း မကြာခဏဆိုသလိုမျက်စိရောက်မိသည်။
အထပ်မြင့်တိုက်များကိုလည်း မမြင်ဖူးသလိုမော့ ကြည့်နေသည်။

ဆောင်းဦးရာသီမို့ မန်းလေးရာသီဥတုသည် ထိုင်းမှိုင်းနေတတ်သည်။ လေထုသည် တစ်ခါတစ်ရံအေးနေတတ်ပြီ။ တစ်ခါတစ်ရံ နွေးနေတတ်သည်။ အစိုးမရတဲ့ထဲ မန်းလေးရာသီဥတုလည်းပါလိမ့်မည်။

Pyit Taing HtaungNơi câu chuyện tồn tại. Hãy khám phá bây giờ