Unicode:
🎶တောင်ပေါ် ခေါင်ရည်ချိုမြမြ
တစ်ကျိုက်လောက်သောက်ရင် အမောပြေ
ဒါဟာလည်း ချင်းပြည်ရဲ့ ဓလေ့တစ်ခုပါ🎶ချင်းပြည်နယ်၏ ချစ်စရာဓလေ့လေးတွေကြောင့် အလိုလိုနေရင်း ဆိုညည်းလိုက်မိတဲ့ သီချင်းစားသားလေး။
ချင်းပြည်နယ်ထဲ စတင်၀င်ရောက်မိသည်နှင့် ခပ်စိမ့်စိမ့်လေထု ကြောင့် အမောတကာအမော၊ အပူတကာ အပူ တွေငြိမ်းရသည်။ ပထဝီအနေအထားအရ တောင်ကိုပတ်ကာဖောက်ထားသည့် တောင်ပတ်လမ်းကနေ လှမ်းမြင်ရသည့် ထင်ရှူးတောကြီးကလည်း မျက်စိတစ်ဆုံး။
ရခိုင်ရိုးမရဲ့ညီအစ်ကို ချင်းတောင်တန်းကြီးသည်လည်း ထီးထီးမားမားတည်ရှိနေသည်။ သာယာမှု၊ လုံခြံမှုကို ပေးသည့် တောင်တန်း။ ငေးမိတိုင်း ဆွေးရသည်။ လွမ်းရသည်။
တောင်ဇလပ်ပန်းတွေဝေနေအောင်ပွင့်နေသည်ကိုလည်း ဆွေသတိထားမိသည်။ လေထုထဲက တောပန်းနံ့တွေကြောင့် စိတ်အစဉ်သည် လန်းဆန်းနေရသည်။ ချယ်ရီတွေလည်း လှိုင်အောင်ပွင့်တတ်သည်။
သာယာနာပျော်ဖွယ် ကျေးငှက်တို့၏ အသံသာသာတွေကိုလည်း ချန်လပ်ထား၍မရ။ နှင်းကိုခွင်း၍ထွန်းလင်းသည့် နေမင်းသည်ပင် အအေးဓာတ်ကိုကုန်စင်သွားအောင် မစွမ်းဆောင်နိုင်ပေ။
ဆွေတို့သည် တည်းခိုစရာမရှိတဲ့အဆုံး အဖိုးနဲ့အဖွားတို့ အိမ်တွင်သာ တည်းခိုကြသည်။ အဖိုးတို့ကသာ ကြည်ကြည်ဖြူဖြူ ခေါ်ဆောင်နေရာချထားပေးကြသည်လေ။ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဖလမ်းမြို့တွင် ဆွေတို့ သောင်တင်နေမိသည်။
ဝေလီဝေလင်း မနက်ခင်းတိုင်း မြူတွေဆိုင်းနေတတ်သည် တောင်စဉ်အသွယ်သွယ်ကို တောင်စောင်းလေးမှာရှိတဲ့ ခြေတံရှည်ဝါးအိမ်လေးကနေ ဆွေတို့ မြင်တွေ့ရသည်။
"နိုးနေတာကြာပြီလား ကျွမ်း"
"အင်း ဟိုခဏမှပါ"
နိုင်သည် အိပ်မှုန်စုံဝါးနဲ့ နိုးထလာပြီး ကွပ်ပျစ်ပေါ်တွင်၀င်ထိုင်လိုက်သည်။ ကွပ်ပျစ်နဲ့ မနီးမဝေးတွင် မီးဖိုလေးတစ်ခုရှိသည်။ ရာသီဥတုက အအေးကြောက်တဲ့သူအတွက် အတော်အတန်အေးသည်မဟုတ်လား။ အဖွားတို့၏ မြေးကလည်းမီဖိုးနား မီးထိုးနေသည်။ မြေးအဖိုး(၃)ယောက်လုံးသည် ဆွေတို့ကို သွေးသားအရင်းလို နွေးနွေးထွေးထွေးဆက်ဆံပေးသည်။
![](https://img.wattpad.com/cover/288927871-288-k6234.jpg)
YOU ARE READING
Pyit Taing Htaung
Romanceအလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... See true beauty with your heart 💕 အလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... Cover crd from pinterest 🎭 Complete (U&Z) Start-20.10.2021 End-31.3.2022