final(3)🎭

3.3K 109 1
                                    

Unicode::::::::

"ဆရာမ ဒါဆို မမနှင်းဆီရိုင်းက ဘယ်လိုဖြစ်သွားတာလဲ"

"နှင်းဆီရိုင်းက အဲ့နေ့၊အဲ့နေရာ ကနေ ခုန်ချပြီး သတ်သေဖို့ကြိုးစားခဲ့သေးတာ"

ကျောင်းအုပ်ဆရာမ တေးသံချိုသည် ကျောင်းစည်းကမ်းကြီးပြီး အုပ်ချုပ်ရေးကောင်းရာတွင် အထူးနာမည်ကျော်ကြားသည်။ သူမ၏ ဆုံးမပြုပြင်မှုကြောင့် ကလေးတွေ လမ်းမှားမရောက်ဘဲ ပန်းတိုင်ကို တစိုက်မတ်မတ်ရောက်ကုန်ကြသည်။
အထူးသဖြင့် ရင်ခုန်တက်စ ကလေးတွေကို အချစ်ထက်ဦးစားပေးသင့်တဲ့ အကြောင်းတွေရှိကြောင်း၊ အချစ်တစ်ခုတည်းနဲ့ ဘ၀ကို မတည့်မတ်ပေးနိုင်ကြောင်း၊ အချစ်ကိုအ၀င်ခံသင့်တဲ့အရွယ်သီးသန့်ရှိကြောင်းတွေကို ကိုယ်တွေ့၀တ္ထုလေးပြောကာ ဆုံးမတတ်သည်။

ကလေးတွေကို စိတ်ဒဏ်ရာအနည်းဆုံးနဲ့ အကောင်းဆုံး သင်ကြားပေးတတ်သည့် ဆရာမ တေးသံချို ရေးထားသည့် ၀တ္ထုတစ်ပုဒ်ရှိသည်။ စာအုပ်နာမည်က "ပစ်တိုင်းထောင်"တဲ့။ ဖြစ်ရပ်မှန်ကို စာစီထားသည့် စာအုပ်အင်တာဗျူးတွင် ဆရာမသည် လွမ်းစရာကောင်းအောင်ပြောပြသည်။

"နှင်းဆီရိုင်းက သူ့ကိုသူမသတ်သေခင် စကားတစ်ခွန်းပြောသွားသေးတယ်"

"ဘာပြောသွားတာလဲ ဆရာမ"

"နောက်ဘ၀မှာ ကျွန်မ လူဖြစ်ရမယ်ဆိုရင် အပြစ်ကင်းတဲ့ကလေးတစ်ယောက်ကို အချစ်ကြောင်းတွေမသင်ပေးဖို့ ကံဆရာကို ‌တောင်းဆိုမိလောက်တယ်"တဲ့။

တရားရုံး ဒုတိယအလွှာက မခုန်ချမီ နှင်းဆီရိုင်း၏ အသံကို ကြားယောင်မိလာသည်။ မျက်၀န်းတွေက အနာဂတ်ပျောက်ဆုံးနေသည်။ အရှေ့မှာ သေချင်းတရားကလွှဲ၍ ဘာဆိုဘာမှ မရှိတော့သလို ရိုင်းသည် အရာရာကို အရှုံးပေးပစ်ဖို့ ကြိုးစားခဲ့သည်။ သို့သော် ကံမကောင်းစွာ အရိုးအဆစ်တွေ ကျိုးပြီး ခေါင်းပြင်းထန်စွာထိရုံကလွှဲ၍ ဘာမှမဖြစ်သွား။ သေမင်းက သူမကို နောင်တနဲ့ ဆက်လက်ရှင်သန်စေချင်ပုံရသည်။ မိုက်တွင်းနက်နက်နောက်မှာ သူမရရှိလာသည်က အတိုင်းထက်အလွန်ပင်။

မိဘ၏ လက်ကျန်ပိုင်ဆိုင်မှုသည် သူမ၏ ဆေးကုသစရိတ်ဖြင့်သာ လုံးလုံးပြောင်ခဲ့ရသည်။ ဆေးရုံက ဆေးစစ်ချက်တွေအရ သူမ‌တွင် အေအိုင်ဒီအက်စ်ရောဂါဖြစ်နေပြီတဲ့။ စိတ်ဆောင်ပြီး လူကမထူနိုင်မထနိုင်ဖြစ်သွားသည့် နောက်ဆုံး အိပ်ယာပေါ် ပိန်လှီဖျော့တော့ပြီး အရိုးပေါ်အရေတင်ဘ၀ကို နှင်းဆီရိုင်းရောက်ရှိသွားရသည်။

Pyit Taing HtaungWhere stories live. Discover now