Part-13🎭

1.6K 117 14
                                    

Unicode;;

"နောက်အပတ်ဆို နင်တို့ မေဂျာရဲ့ welcomeမလား"

ဇွဲက လေသံအေးအေးနဲ့ ယမုံကို မေးနေသည်။ ယမုံက အစားထဲ အာရုံရောက်နေသည်မို့ ခေါင်းသာငြိမ့်ပြ၏။

"ဓာတုမှာ နှင်းဆီရိုင်းကqueenရတယ်တဲ့"

"ဓာတုကလျာကြီးပေါ့ အဲ့ဆို"

"အင်း...."

ဆွေက သူတို့စကားထဲလည်းစိတ်မရောက်။ အစားကိုလည်း အာရုံမလာဘဲ တွေတွေလေးငေးနေသည်။

ဓာတုအထူးပြုရဲ့အလှဘုရင်မတွေကို အများစုက ဓာတုကလျာလို့ မှတ်ချပေးခေါ်ဝေါ်ကြသည်။ ခေတ်အဆက်ဆက်လည်းသုံးနှုန်းနေသည်မို့ ယမုံစကားကို လွယ်လွယ်ကူကူသဘောပေါက်လိုက်သည်။

"သိကျွမ်း စားလေ။ နန်းကြီးသုတ်ကြိုက်တယ်မလား ငါကြည့်တာလျှော့ကိုမလျှော့သလိုဘဲ"

"သိပ်မစားချင်လို့"

ယမုံ၏ တူသည် ဆွေ့ပန်းကန်ထဲက နန်းကြီးသုတ်ကို ညှပ်နေလေပြီ။ အရသာမြည်းပေးမလို့ ဆိုပြီး ကြားကောင်းအောင်စကားခံထားသေး၏။  အစပ်အဟပ်တည့်မည့်ပုံနဲ့ နန်းကြီးသုတ်ပန်းကန်ကိုသာ ဆွေစိုက်ကြည့်နေသည်။

"ဒါနဲ့ ငါတို့ မေဂျာမှာ ဘယ်သူqueenဖြစ်မယ်ထင်လဲ။"

ဖျော်ရည်ကိုပိုက်နဲ့စုတ်သောက်ရင်း ‌ယမုံက ဆွေ့ကို မေးလာသည်။

"မပြောတတ်ဘူး အချောအလှတွေကများပါတယ်"

"နိုင်ကတော့ မလွှဲဧကန် ကင်းဘဲ။ တစ်ကျောင်းလုံးရဲ့ ကင်းဖြစ်ချင်ဖြစ်မှာ"

ယမုံက စကားကိုဆိုလျှင် တဖျစ်တောက်တောက် ပြောနိုင်လွန်းသည်။

နိုင်ဆိုတဲ့ နာမည်ကြားမှ ဒီရက်ပိုင်း နိုင့်ကိုမတွေ့မိ။ ခြေရာဖျောက်ကောင်းလွန်းနေသည်။ မမြင်ပြန်တော့လည်းမျှော်ရ ၊မြင်ပြန်တော့လည်းမောရဖြင့် မလွယ်လှပါလေ။

"နင်လည်း ကွင်းပါဘဲ ယမုံရယ်"

ဇွဲက ပျော်စေပျက်စေ ၀င်ပြောတော့ ယမုံက ရှက်ရဲရဲလေးဖြင့်

"ဟယ် မဟုတ်တာ။ ငါက ကွင်းဖြစ်မယ်တဲ့လား ဟိဟိ"

"ယောင်္ကျားလေးတိုင်း ကွင်းသွားကြတာလေ"

Pyit Taing HtaungDonde viven las historias. Descúbrelo ahora