Part-4🎭

3.3K 269 6
                                    

Unicode::::

ကျောင်းပိတ်ရက်တွင် ဇွဲနှင့် ယမုံတို့ ကျနော်၏ အိမ်တွင်စာလာကျက်ကြသည်။ တစ်ရပ်ကွက်ထဲနေကြသည့် သူငယ်ချင်း
များဖြစ်သောကြောင့် ယခုလိုမကြာခဏ ဝိုင်း၍ စာကျက်တတ်သည်။ အရင်တုန်းကဆို ချိုလည်း လာတတ်သည်။ ခုနောက်ပိုင်း ချိုနှင့် ကျနော်တို့ အနည်းငယ် အနေဝေးလာသလိုဖြစ်နေ၏။

"ချိုကလေ ဆယ်တန်းဖြေပြီးသာနဲ့ ရန်ကုန်ကို အပြီးပြောင်းမှာတဲ့...."

အချဉ်ထုတ်စားရင် ယမုံက စကားစလာ၏။ ယမုံစကားကြောင့် ကျနော်၏ သွက်လက်စွာလှုပ်ရှားနေသော လက်များရပ်တန့်သွားသည်။

ကျနော့်ရပ်၀န်းမှာရှိတဲ့ မည်သူကိုမဆို တန်ဖိုးထား တွယ်တာလွန်းပါသည်။ သူတို့အနေနဲ့ ကျနော့ကို တန်ဖိုးမထားဘူးဆိုလျှင်တောင် ကျနော်ကတော့ မေတ္တာမပြယ်။

"လူဆိုတာ ဆုံပြီးရင်ခွဲရမှာဘဲလေ။ တကယ်တော့ သူငယ်ချင်းဖြစ်စေ၊ဘယ်သူကြီးဘဲဖြစ်စေ ကိုယ့်နားမှာ အမြဲမနေပေးနိုင်ကြပါဘူး။ ဟိုစကားကြားဖူးတယ်မလား တွယ်ငြိရာတာဆုံးရှုံးရာတဲ့လေ။"

သင်္ချာမေးခွန်းဟောင်းစာအုပ်များကို တဖြတ်ဖြတ်လှန်ရင်း ဇွဲက သူ့၀တီအတိုင်း အေးဆေးစွာပြောသည်။ စကားပြောခဲသည့် ဇွဲသည့် စကားပြောတိုင်း လေးလေးနက်နက်ပြောတတ်မြဲ။ တည်တည်ငြိမ်ငြိမ်နဲ့ အေးဆေးစွာ လုပ်ဆောင်တတ်မြဲပင်။ ဇွဲကိုကြည့်ရတာ အေချမ်းလွန်းသည်။ ဒေါသဆိုတာ ဇွဲမွေးဖွားလာကတည်းက မပါခဲ့လေသလား။

"ဟုတ်တယ်နော်။ တစ်ချိန်ကြရင် ငါတို့အားလုံးက ကိုယ့်လမ်းကိုယ်လျှောက်မဲ့သူတွေဘဲ။ ငါတို့တွေ နောက်၅နှစ်ဆို ဘာတွေဖြစ်နေမယ်ထင်လဲ"

ယမုံ၏ အမေးကြောင့် ကျ‌နော်သည် ခြံအပြင်ဖက် လမ်းပေါ်ပြေးလွှားနေသည့် ကလေးများကို တွေတွေလေးငေးလိုက်မိသည်။ ဘာမှတွေးစရာမလိုတဲ့ ကလေးဘ၀တွေကိုတော့ တစ်ခေါက်တစ်ခါပြန်ရချင်မိသည်။

"သိကျွမ်း...နင်ဘာဖြစ်နေမယ်ထင်လဲ အရင်ဖြေစမ်း"

"အင်း....ငါတော့ နောက်၅နှစ်ကို မျှော်တွေးပြီးကြည်နူးဖို့ထက် အခုလက်ရှိကို အကောင်းဆုံးအံတုနိုင်ဖို့ဘဲ တွေးတယ်"

Pyit Taing HtaungWhere stories live. Discover now