Unicode::::::
"ဟေး ထတော့ ခြံထဲ ဆင်းကြမယ်"
ပြင်ဦးလွင်ခေါ် ပန်းမြို့တော်၏ ချမ်းစိမ့်စိမ့်ရာသီဥတုသည် အပျင်းကြီးချင်စရာကောင်းလှသည်။ အိပ်ချင်စိတ်ကို ဦးစားပေးကာ စိတ်ရှိတိုင်း ထအော်လိုက်လို့လည်းမဖြစ် လာနိုးတဲ့သူက ကြင်သူသက်ထားလေးမို့လေ။
"အင်း အင်း ထပြီနော်"
ငွေနှင်းဖွဲဖွဲနှင့် အမှောင်ယံကြီးစိုးနေဆဲ ကောင်းကင်ပြင်က ကြယ်များကိုလည်း မပီဝိုးတဝါးမြင်တွေ့နေရ၏။ မြောက်ပြန်လေးကလည်း အသွေးအသားများကို ကျီစယ်နေသေးသည်။ မြူနှင်းမှုန်ကိုလည်း အေချမ်းစေချင်အလိုငှာ ခပ်ရေးရေးပတ်ဖြန်းထားသေးသည်။
"အနောက်ဖက်မှာ မျက်နှာသွားသစ်လိုက်အုန်း"
အိမ်အနောက် ရေကန်ဖက်ကို ညွှန်းရင်း ပြောလာသည့် ပေါက်စကို လက်ပိုက်ကာဖြင့် တစိမ့်စိမ့်ကြည့်နေမိသည်။ မနက်အရုဏ်ဦး၏ နေ၀န်းကိုငေးရခြင်းက လူအများအတွက် နေ့အစ၏ကျက်သရေမင်္ဂလာဖြစ်သော်လည်း နိုင့်အတွက်ထိုသို့မဟုတ်ပါ။ နိုင်သည် နေ့တစ်နေ့၏ အစကို အကြင်သူ၏ မျက်၀န်းနက်နက်ကိုငေး၍စတင်ချင်သည်။ ခုလိုမျိုး အကြာကြီး မကြည့်ရတာ သိပ်ကြာနေရောပေါ့။ လွမ်းနေလိုက်ရတာဖြင့် ဘယ်စာနဲ့ ဖော်ပြရမယ်ကို မသိတော့ချေ။
"အေးတယ်နော် ကျွမ်း"
"ဟုတ်တယ် ပြင်ဦးလွင်က မန္တလေးတိုင်းထဲတာ ပါနေတာ တကယ်က ရှမ်းပြည်ဘဲလေ။ အအေးလွန်ကဲတာက မဆန်းပါဘူး။ရှေ့လျှောက်ပိုအေးဖို့ဘဲ"
"အရမ်းအေးနေတာ ဂတ် ဂတ် ဂတ်"
အပေါ်သွား နှင့် အောက်သွားထိသံများကိုတော့ ပေါက်စဆီက အာရုံစူးစိုက်မှု ရလိုရငှား တမင်လုပ်ကြည့်ခြင်းဖြစ်သည်။ ထင်တဲ့အတိုင်း မျက်လုံးဝိုင်းများနှင့် လှည့်ကြည့်လာပါသည်။
လည်ပိတ်ဆွယ်တာအစိမ်းလေးကို ၀တ်ထားသည့် ပေါက်စသည် ချစ်ဖွယ်ကောင်းလွန်းလှသည်။ သမင်မျက်လုံးလေးလို လှလွန်းတဲ့ မျက်လုံးများက ကြယ်တွေထက်ပင် ထင်းနေသေးသည်။
"ခဏလေးနေရင် ခများအဖို့ အနွေးထည်ယူပေးမယ်။ အလုပ်လာလုပ်ရင် အ၀တ်တွေစုံအောင်တစ်ခါထဲယူလာတာမဟုတ်ဘူး။ နေ့လည်ခင်းလောက် ပြင်ဦးလွင်မှာ အင်္ကျီတွေသွား၀ယ်ကြတာပေါ့"
CITEȘTI
Pyit Taing Htaung
Dragosteအလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... See true beauty with your heart 💕 အလှစစ်ကိုနှလုံးသားဖြင့်ကြည့်ပါ...... Cover crd from pinterest 🎭 Complete (U&Z) Start-20.10.2021 End-31.3.2022