အပိုင်း(၂)ညနေကျတော့ သူပြောထားတဲ့အတိုင်းပင် တစ်ကယ်ကြီးကို ရှေ့နေတစ်ယောက်ငှားပြီးရောက်လာသော လှိုင်းခက်ထန်
"ငါပြောမယ် ကွာရှင်းပြီးရင် ဒီအိမ်ကနေ မင်းထွက်သွားရမယ်လှိုင်း ဒီအိမ်ကငါ့ပိုက်ဆံနဲ့ဝယ်ထားတာ"
"ဟက်!!!အိမ်ကပ်နေမယ့်ထဲငါမပါဘူးခွန်း"
စားပွဲပေါ်မှာ တင်ထားတဲ့ အသစ်စက်စက် စာချုပ်လေးတွေက သူတို့ကိုယ်ပေါ် မှင်နဲ့ခြစ်မယ့်ပိုင်ရှင်တွေကိုစောင့်နေလေရဲ့...
ဘောပင်ကြီးကိုင်ပြီး ယောင်ချာချာလုပ်နေတဲ့လှိုင်းထက် အရင်ဦးအောင် ခွန်းက စပြီးလက်မှတ်ထိုးလိုက်၏။
"မင်း ထိုးလေ"
"မှင် ထွက်လားမသိဘူး"
"ငါ့ဘောပင်နဲ့ထိုးလိုက် ရော့"
နောက်ဆုံးတော့ ကွာရှင်းစာချုပ်မှာ ၂ယောက်လုံးလက်မှတ်ထိုးပြီးသွား၏။
"ရှေ့နေကြီးအားလုံးအဆင်ပြေတယ်မလား"
"ပြေပါတယ်လှိုင်းခက်ထန် ဒါဆိုကျွန်တော်သွားတော့မယ်"
"ကောင်းပြီ"
"လှိုင်းမင်းလည်းအထုပ်ဆွဲပြီးတစ်ခါတည်းဆင်းတော့"
"ဟက်!!ခုထဲကအရမ်းကိုတက်ကြွနေပါရောလား"
တီ.....တီ.....
လှိုင်းဆီကို ဖုန်းဝင်လာတာမို့ စကားဆက်မပြောတော့ပဲ ဖုန်းကိုကိုင်လိုက်သည်။
"သားလှိုင်းလေး"
"ပြောမာမီ နှလုံးအောင့်သေးလား"
"အဲ့တာပြောမလို့။ ဆရာဝန်က၃ရက်ခြားတစ်ခါဆေးရုံကိုသွားစစ်ရမယ်ပြောတယ်။ဆေးရုံကသားတို့အိမ်နဲ့နီးတော့ မာမီ၄လလောက်လာနေမလို့"
"အော်....လာလေမာမီ ဘယ်နေ့လာမှာလဲ"
"အဆင်ပြေတယ်ဆို မနက်ဖြန်ဆေးရုံရက်ချိန်းမို့ခုထွက်လာမှာညရောက်ဖြစ်မယ်။"
"ကောင်းတာပေါ့။ လာလေ ခရီးလမ်းအဆင်ပြေပါစေမာမီ"
တီ...တီ.....
"ခွန်း"
"ဘာလဲ? ပစ္စည်းတွေလာသိမ်းတာလား ဘာမှမကျန်ခဲ့စေနဲ့။"