အပိုင်း(၁၅)
"တီချယ်အင်္ဂလိပ်စာအမှတ်တွေအော်မယ်"
ကျော်ဇေယျ ရှစ်ဆယ့်ကိုးမှတ်
မေမီ ကိုးဆယ့်တစ်မှတ်
မင်းမခ ရှစ်ဆယ့်ရှစ်မှတ်
ဝတီမိုးဦး ခုနစ်ဆယ့်သုံးမှတ်
ရှင်လွန်းအိမ် ရှစ်ဆယ့်ငါးမှတ်
လှိုင်းခက်ထန် ကိုးဆယ့်ရှစ်မှတ်
ဟန်ပိုင် ခုနစ်ဆယ့်ခြောက်မှတ်"
ခွန်းတစ်ယောက်သူ့အမှတ်စာရင်းကိုမခေါ်သေးလို့ခေါင်းကိုငိုက်စိုက်ချကာလက်မအချင်းချင်းပွတ်သပ်နေမိသည်။
"ထုံးစံအတိုင်းအမှတ်အနည်းဆုံး
တက်နေခွန်း ဆယ့်ရှစ်မှတ်!"ခွန်းသူ့အမှတ်ကိုပြောတော့မျက်ခုံးကိုတွန့်ချိုးလိုက်ပြီးအမှတ်စာရင်းယူရန်ဆရာမဆီထသွားလိုက်သည်။
"တက်နေခွန်းရေ။ ဒါအထူးတန်းနော် သားစာမလိုက်နိုင်ရင်အတန်းပြောင်းလို့ရတယ် လတိုင်းဒီလိုဆို အဆင်မပြေဘူး။"
"သားကြိုးစားပါ့မယ်။"
"ပါးစပ်ကပဲ ပြောမနေနဲ့။။"
"ဟုတ် ဟုတ်"
ဆရာမဆီကအဖြေလွှာကိုယူလိုက်ပြီး အတန်းထဲပြန်ဝင်ထိုင်နေလိုက်သည်။
ခွန်းကအပြင်မှာဆို တက်တက်ကြွကြွနေပေမယ့်အတန်းထဲကျရင်တော့အားငယ်ချင်သည်။
ကိုယ်စာမလိုက်နိုင်မှန်းသိတယ်...
အင်င်္ဂလိပ်စာကို စိတ်မဝင်စားမှန်းလည်းသိတယ်။
အထူးတန်းကိုမတက်သင့်မှန်းလည်းသိတယ်။
ဒါပေမယ့်.....ဒါပေမယ့်သူချစ်ရတဲ့သူရှိနေတယ်မလား။သူ့ကိုတွေ့ရဖို့၊ သူနဲ့နီးစပ်ဖို့ကဒီနည်းပဲရှိသည်လေ။နေ့ခင်းအတန်းဆင်းချိန်ကြတော့လှိုင်းကိုကန်တင်းမှာဟန်ပိုင်နဲ့နှစ်ယောက်တွေ့လိုက်ပါသည်။
လှိုင်းကိုတွေ့လိုက်တာနဲ့ လှိုင်းနဲ့အနီးဆုံးကိုခွန်းသံလိုက်တစ်ခုလိုငြိတွယ်ချင်မိသည်။"လှိုင်း...လှိုင်းး"
"အော်..တက်နေခွန်းပြော။"