အပိုင်း(၁၇)
ဆေးရုံကိုချက်ချင်းလိုက်ခဲ့ပေမယ့် ခွန်းရဲ့လူနာအခန်းထဲရောက်ရောက်ချင်း မာန်ဦးခိုက်ကိုတွေ့လိုက်ရတာကြောင့် မောလာတဲ့စိတ်တွေတောင်ပျောက်ချင်းမလှပျောက်သွားသည်။
ဒါပေမယ့် ခွန်းကတော့ကုတင်ပေါ်မှာလှဲနေပြီး ဆေးပိုက်များဖြင့်သွယ်တန်းထားသည်။
"ခွန်းးး"
"သတိမရသေးဘူး"
ခွန်းရဲ့ခုတင်နားကိုသွားမယ့်လှိုင်းကို မာန်ဦးခိုက်က သူ့ကိုယ်လုံးနဲ့ကာတားထားသည်။
"ဖယ်စမ်းပါ"
မာန်ဦးခိုက်က လှိုင်းရဲ့ပုခုံးနှစ်ဖက်ကို ကိုင်ကာနောက်သို့တွန်းလိုက်ရင်း
"မင်းဘာလာလုပ်တာလဲ"
"မင်းကရော မဆီမဆိုင်ဘာလို့ရောက်နေတာလဲ"
"ငါကလား?? ငါချစ်တဲ့သူမို့အနားရောက်နေတာပေါ့"
မာန်ဦးခိုက်က မျက်ခုံးများကိုပင့်တင်လိုက်ရင်းဖြေလိုက်သည်။
"မင်းချစ်တဲ့သူ!!! အော်...လက်စသတ်တော့ ကြာကူလီလာလုပ်မယ်ဆိုပါတော့။"
"ဒါပေါ့~~ငါခွန်းကို ဂရုမစိုက်နိုင်၊ မစောင့်ရှောက်နိုင်တဲ့ လူရဲ့လက်ထဲမှာဆက်မထားချင်ဘူး။ ငါကမင်းထက်တော့ အဆတစ်ရာမက,စောင့်ရှောက်နိုင်တယ်။"
"ခွန်းကိုငါပဲပိုင်တယ်။,မင်းဘယ်တာ့မှရမှာမဟုတ်ဘူး"
"ဟန်ဆောင်ပြီးပြောတာတွေရပ်လိုက်စမ်းပါကွာ"
ခွမ်းးးး
သူတို့၂ယောက်ရန်ဖြစ်တာနဲ့ လူနာကို ခဏ ပစ်ပယ် ထားသလိုဖြစ်သွားမိသည်။
ခွမ်းရဲ့ခုတင်ဆီကလာတဲ့အသံမို့ နှစ်ယောက်လုံးလှည့်ကြည့်လိုက်တော့..
ခွန်းကခုတင်ပေါ်က ပိုက်တန်းလန်းနဲ့မို့ဆင်းလို့မရတာကြောင့် ဘေးက စားပွဲပေါ်ထားတဲ့ဖန်ခွက်ကိုလှမ်းဆွဲရင်း မမှီတာကြောင့်ဖန်ခွက်ကကျကွဲသွားခြင်း...
ခွန်းနိုးလာတော့ သူသိတာ ရေအရမ်းဆာတာပဲသိတယ်။ ပွစိပွစိရန်ဖြစ်သံတွေကြားပေမယ့် ခဏလျစ်လျှူရှုပြီး ဖန်ခွက်ဆီသာလက်လှမ်းဖို့ပြင်ဆင်နေရသည်။ မမှီဘဲ လှမ်းတော့ကျကွဲရော။