အပိုင်း(၁၃)
"လှိုင်းခက်ထန်!!!! မင်းသူများအလုပ်ကိုလိုက်ဖျက်စီးရတာအရမ်းဝါသနာပါနေလား။"
"မင်းအလုပ်ကဘာလဲ။ သူများလက်ကိုတွဲပြီး ပွဲလိုက်တက်တဲ့အလုပ်လား။"
"မင်းငါ့ကိစ္စထဲဝင်မပါနဲ့"
"မဝင်ပါလို့မရဘူး။ အခုမင်းလုပ်နေတာကိုကြည့် ဘာသဘောလဲ။"
"မသိဘူး။ ငါထင်ရာလုပ်မယ်။"
လှိုင်းက သူ့ရဲ့သန်မာသောအားကိုမှမထောက်ခွန်းပုခုံးနှစ်ဖက်ကိုဖြစ်ညစ်လိုက်ပြီး နံရံဘက်ကိုဆွဲကပ်လိုက်သည်။
"မင်း"
"တက်နေခွန်း!!!မင်းလုပ်ချင်ရာလုပ်တိုင်း ငါကခွင့်ပြုမယ်ထင်နေလား။"
ခွန်းနှုတ်ခမ်းတွေဆီဦးတည်လာသောလှိုင်းကိုခွန်းဆောင့်တွန်းလိုက်ပေမယ့်။ အတင်းရုန်းပြီးတွန်းလိုက်တာမို့ ခေါင်းကိုရိုက်မိလုနီးပါးဖြစ်သွားသည်။
"ရိုက်!!!ရိုက်စမ်းပါ။ မင်းကြိုက်သလောက်ရိုက်။ပြီးရင် မင်းငါနဲ့အိမ်ပြန်လိုက်ခဲ့ရမယ်။"
"လှိုင်းခက်ထန်!!!မင်းပြောတိုင်းလုပ်ရအောင် ကငါအရုပ်မဟုတ်ဘူး။ မင်းအရမ်းစိတ်ပျက်ဖို့ကောင်းတယ်"
ခွန်းက exitပေါက်ကိုသွားရန်ပြင်တော့ လှိုင်းကဆွဲထားတဲ့လက်တွေကိုလွှတ်မပေးသေး။
"မင်းငါနဲ့တွေ့တာနဲ့ ဘာလိို့ဒေါသပဲထွက်နေတာလဲ။"
"မုန်းလို့!!!"
"ဟက်!!!မုန်းလို့??ဟုတ်လား??မုန်းတယ်ဆိုတာ ဒီလိုပုံစံဟုတ်လို့လား။ ဒါမုန်းတယ်လို့မခေါ်သေးဘူး။ အာ့!!"
လှိုင်းက သူ့အပြောထဲသူအာရုံရောက်နေတဲ့အချိန် လှိုင်းရဲ့ပေါင်ကြားထဲ အားပြင်းပြင်းနှင့်ကန်လိုက်ခြင်း။
လှိုင်းနောက်ဆုတ်ပြီး ဒူးကွေးသွားမှ ခွန်းအမြန်ထွက်ပေါက်ဘက်ကိုထွက်ရတော့သည်။
အလျှင်စလိုထွက်ရတာကြောင့် ရှေ့မကြည့်မိ။
"အမယ်လေး"
"ခွန်း"
တော်သေးတာပေါ့။ ရင်အုပ်ကျယ်ကျယ်ကြီးကိုခေါင်းဝင်တိုးမိပေမယ့် ဦးခိုက်ဖြစ်နေလိို့သာပေါ့။