အပိုင်း(၁၁)
ညကတော်တော်ပင်ပန်းသွားလို့လားတော့မသိလှိုင်းမျက်နှာကို နေရောင်ခြည်လာထိတွေ့မှလှိုင်းနိုးလာတော့သည်။
ဘေးကိုလက်တစ်ဖက်နှင့်စမ်းလိုက်ပေမယ့် လွတ်ဟင်းနေသောမွေ့ရာပြင်ချောချောကိုသာစမ်းမိသည်။
လှိုင်းမျက်လုံးများပွင့်လာပြီး ဘေးဘီကြည့်တော့ အခန်းတစ်ခုလုံးကရှင်းလင်းလို့နေသည်။
ပျောက်နေသောခွန်းရဲ့ခရီးဆောင်အိတ်နှင့်ပြုတ်ထွက်နေသောသံကြိုးတို့က ခွန်းထွက်သွားပြီလို့ရှေ့ဆောင်လှမ်းပြပြောနေသယောင်။"တက်နေခွန်းး!!မင်းထွက်ပြေးရဲတယ်ပေါ့။"
အိပ်ယာပြင်ကခပ်နွေးနွေးမို့ ခွန်းသွားတာမကြာသေးပါ။ လှိုင်းbathrobeတစ်ထည်သာကောက်ဝတ်လိုက်ပြီး ဟိုတယ် Reception သို့ အလောတကြီး ဆင်းပြေးမိသည်။
"ဒီမှာ..ခုနလောက်ကလေ အသားဖြူဖြူပိန်ပိန်လေး မျက်မှန်ခပ်ပါးပါးနဲ့ ကောင်လေးတစ်ယောက် အပြင်ထွက်သွားတာတွေ့မိသေးလား။ပြီးတော့ခရီးဆောင်အိတ်နဲ့လေ။"
"အော်..ဟုတ်ကဲ့။ တွေ့လိုက်တယ် ခုနလေးကပဲထွက်သွားတာပါ။"
"ကျစ်!!!သူတကယ်ထွက်သွားတာပဲ မင်းပြေးမလွှတ်ပါဘူး"
"ရှင်"
"ဘာမှမဟုတ်ဘူး။ ကျွန်တော်အခန်းပြန်အပ်မယ်"
"ဟုတ်ကဲ့ရှင့်"
ခွန်းဘယ်ထွက်သွားနိုင်လို့လည်း?
ကြည့်ရတာ ကားသော့ကလှိုင်းဆီမှာမို့ ကားသော့လည်းယူမသွားပုံထောက်ရင် သူဝေးဝေးသွားနိုင်မှာမဟုတ်ဘူး။、လှိုင်းအဝတ်အမြန်လဲပြီးထွက်ရှာရန်စိတ်စောနေမိပြီ။...........................................................................
မျက်စိရှေ့တည့်တည့်ကိုကြည့်လိုက်ရင်ကောင်းကင်ပြာကြီးပေါ့
လေတစ်ဖြူးဖြူးကမျက်နှာပေါ်ကိုဖြတ်သန်းသွားရင်းး~~~
ခရီးဆောင်အိတ်ပေါ်ခေါင်းတင် ပင်လယ်ဘက်ကိုခြေဆန့်ရင်း သဲပြင်ပေါ် ပက်လက်အနေအထားလှဲလျောင်းရင်းမျက်စိမှိတ်ထားမိသည်။