အပိုင်း(၇)
လှိုင်းကိုင်ထားတာဖြေလျော့သွားတာနဲ့ခွန်းနောက်ပြန်လှည့််မကြည့််ပဲထွက်လာခဲ့လိုက်သည်။
ခွန်းထွက်လာတော့ ခွန်းနောက်ကနေ ဦးခိုက်လိုက်လာနေတာကိုခွန်းသိသည်။
"ဦးခိုက်...ဟိုလေခွန်းတစ်နေရာသွားစရာရှိသေးလို့ နောက်မှပဲ ကလေးတွေနဲ့တွေ့ပေးမယ်နော်။"
"အော်...ကောင်းပါပြီ"
မာန်ဦးခိုက်သိပါသည်။ ခွန်းစကားသံအဆုံးမှာတုန်လှုပ်သံတစ်ချို့ပါနေတယ်ဆိုတာကိုပေါ့။
ဒီအချိန်မှာခွန်းအတွက်တစ်ယောက်ထဲနေတာကပိုသင့်တော်ပေလိမ့်မည်လေ။ခွန်းကားကိုအရှိန်မြှင့်တင်ကာမောင်းနေမိသည်။။ထွက်လာတဲ့ဒေါသကိုကားခြေနင်းပေါ်သို့သာအပြစ်ပုံချထားသည်။
မိနစ်အနည်းငယ်အကြာမှာတော့ ခွန်းကားလေးကမြို့ပြင်နားတောင်ရောက်ခါနီးနေပြီ အဲ့တော့မှခွန်းကားကိုထိုးရပ်ချလိုက်သည်။ အရှိန်တင်မောင်းလာတဲ့ကားကိုရုတ်တရပ် ရပ်ပစ်လိုက်တာမို့ ခွန်းရဲ့ခန္ဓာကိုယ်လေးတောင်အရှေ့သို့ယိမ်းယိုင်သွားသည်။
ခွန်းရေးကြီးသုတ်ပြာ ဖုန်းကိုထုတ်ပြီး မင်းမခဆီဖုန်းခေါ်နေမိသည်။
"ဟယ်လို! မင်းမခ"
"ပြောသားကြီး"
"မင်းငါ့ကလေး၂ယောက်ကို ကျောင်းကြိုပြီးဒီနေ့ည မင်းအိမ်မှာခဏခေါ်ပေးထားပါ"
"ဘာလို့လဲ??ရုတ်တရက်ကြီး"
"ငါဒီညအိမ်ပြန်မလာဖြစ်ဘူး အပြင်မှာအိပ်မှာ"
"အပြင်မှာ??မင်းကဘယ်သွားမလို့လဲ?"
"ဟိုတယ်"
"ဟမ်..ဟို..ဟိုတယ်ကို!!"
တီ......တီ.....
ခွန်း ဖုန်းချသွားပေပြီ..
မြို့စွန်နားက ခွန်းဒီဇိုင်းဆွဲပေးနေကျ ဟိုတယ်ကိုသာသွားလိုက်သည်။
"တစ်ယောက်ခန်းတစ်ခန်းပေး"
"ဟုတ်ကဲ့ရှင့်"
"တက်နေခွန်းပါလားး"
ကောင်တာဘက်ကနေ ဝဝဖီးဖီးနဲ့အရပ်ပုပုလူကြီးတစ်ယောက်က ခွန်းနာမည်ကိုခေါ်ရင်းလျှောက်လာသည်။