အပိုင်း(၃)ဆေးရုံမှာလူတော်တော်များသည်။ လှိုင်းမားသားကြီးက နှလုံးရောဂါသာရှိတာ အရွယ်တင်ပြီးလူငယ်တစ်ယောက်လိုပင်။
ဆရာဝန်ကနောက်၂ရက်နေရင်ထပ်လာဖို့ချိန်းလိုက်ပြန်သည်။
"မာမီတို့ စျေးဝယ်ထွက်ကြဦးမယ် ခွန်းလေးရေ"
အိမ်က ကလေး၂ယောက်ကို စိတ်မချပေမယ့်လှိုင်းရှိနေတယ်ဆိုတဲ့အသိကြောင့် ခွန်းစျေးဝယ်ထွက်ရန်သဘောတူလိုက်သည်။
"တက်နေခွန်းလားရှင့်"
မိန်းကလေးတစ်ယောက်အသံကြောင့်အသံလာရာကိုလှည့်ကြည့်လိုက်တော့။ပန်းစက်ပွင့်ဖြစ်နေသည်။
ပန်းစက်ပွင့်ကိုခွန်းမသိပဲမနေပါ။သတင်းတွေထွက်လာတဲ့ထိလှိုင်းနဲ့တွဲသွားတွဲလာလုပ်နေတဲ့ဒီမိန်းကလေးကိုခွန်းကောင်းကောင်းသိတာပေါ့။
သူမလည်းခွန်းကိုသိတာမဆန်း..
နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတက်နေခွန်းနဲ့ အကြီးဆုံးကုမ္ပဏီပိုင်ရှင်ရဲ့သားလှိုင်းခက်ထန်တို့ရဲ့မင်္ဂလာပွဲက မသိတဲ့သူရှားသလောက်ပဲလေ။ခွန်းကသူမကိုကြည့်ကာမျက်ခုံးကိုပင့်ပြီးပြုံးလိုက်၏။
"ဟိုလေ...လှိုင်းခက်ထန်ပါမလာဘူးလားဟင်"
"ဘာကိစ္စရှိလို့လဲ"
"ဒီနေ့ ပွင့်နဲ့တွေ့မယ်ဆိုချိန်းထားတာ ရောက်မလာသေးလို့လေ"
"အော်....သူဒီနေ့လာနိုင်မှာမဟုတ်ဘူး"
"ဘာလို့လဲဟင်..လှိုင်းကအမြဲအားနေတဲ့သူကို"
"အိမ်မှာ ကလေးထိန်းခိုင်းထားတယ်။ အမြဲအားနေတဲ့သူက တစ်ခါတစ်လေ သူ့အပိုင်ရဲ့အလုပ်လေးတွေကိုလည်းကူရအုံးမှာပဲလေ။ ဟုတ်တယ်မလား အဲ့တော့အားမှာမဟုတ်ဘူး"
ပန်းစက်ပွင့်ရဲ့အမေးကိုခွန်းပြုံးပြုံးလေးဖြေပြီးထွက်လာခဲ့လိုက်သည်။
ခွန်း..ပန်းစက်ပွင့်နဲ့တွေ့လိုက်တာ..
သာယာနေတဲ့စိတ်တောင်ဘယ်ရောက်သွားမှန်းမသိ။ခုချိန်အိမ်ပြန်ရင် လှိုင်းက..ကလေးတွေအိမ်မှာထားခဲ့ပြီး အပြင်ထွက်မယ်ဆိုတာကို သိနေတဲ့စိတ်ကြောင့် မာမီလေးနဲ့တစ်နေရာပြီးတစ်နေရာလျှောက်လည်ရင်း ညနေစောင်းမှအိမ်ပြန်ခဲ့လိုက်သည်။