ခွန်းအတင်းရုန်းထွက်ဖို့လုပ်ပေမယ့် အချိန်မမီတော့ ခြေထောက်တွေကလည်း အပေါ်မှာ အုပ်မိုး
နေတဲ့ လူရဲ့ခြေထောက်ကြားထဲ ဆွဲညှပ်ခံထား
ရပြီ။ လက်တစ်ဖက်ဖြင့် မျက်နှာကို ထိန်းကိုင်
ထားပြီး ခွန်းနှုတ်ခမ်းတွေကလည်း ကျူးကျော်
ခြင်းကို ခံနေရပြီ။ လက်တွေနဲ့ လှိုင်းရင်ဘက်ကို
လည်း မျိုးစုံထုရိုက်နေပါသော်လည်း အပေါ်ကလူက နာဖို့တောင် မေ့နေလောက်တဲ့အထိ
ကိုယ့်နှုတ်ခမ်းတွေကို အရသာခံနေ၏။"အင့်.....လှိုင်း......က.....ကလေးတွေ"
စကားလုံးတွေကို သူ့နှုတ်ခမ်းတွေကြားက မနည်းလွှတ်မြောက်အောင် ရုန်းပြီးပြောနေသော်
လည်း ပြီးအောင်တောင်ပြောခွင့်မရ လျာဖျားကို
စုပ်ယူခံလိုက်ရပေသည်။ ခွန်းလျှာကို သူ့လျှာနဲ့
ရစ်ပတ်လိုက် ပါးစပ်ဖြင့်စုပ်ယူလိုက် ပါးစပ်ထဲသူ့လျှာကို ထိုးထည့်ကာ ခွန်းရဲ့အာခေါင်တွင်းတစ်ခု
လုံးနေရာလပ်မကျန်အောင် အလျက်ခံနေရသည်။ အောက်နှုတ်ခမ်းတလှည့် အပေါ်နှုတ်ခမ်း
တလှည့် စုပ်ယူလိုက် ကိုက်ဆွဲလိုက် နှုတ်ခမ်းတစ်
စုံလုံးကို သူ့အာခေါင်ထဲ ငုံထွေးထားလိုက်နဲ့
ခွန်းနှုတ်ခမ်းတွေလည်း နီရဲနေပြီဖြစ်သည်။အသက်ရှူကြပ်လာတဲ့အခါကြမှ သူ့နှုတ်ခမ်းတွေကို အလွှတ်ပေးတော့သည်။ ခွန်းအသက်
ရှူမဝတာကြောင့် ပါးစပ်ကိုပင့်ဟကာ အသက်ကို
အဆုတ်ထဲရောက်အောင် မနည်းရှုနေရသည်။
လှိုင်းက ခွန်း နှာဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး"ကလေးတွေကို စိတ်မပူနဲ့ မင်းသာ အော်မညည်းသ၍ မနိုးဘူး"
"မင်းလူစိတ်မရှိတော့ဘူးလား ကလေးတွေရှိနေပါတယ်ပြောနေတာကို တားမရဆီးမရနဲ့"
"အဲတာဆို ကလေးတွေ မရှိတဲ့နေရာဆိုရင်ရော
အဆင်ပြေလား အဟက်""မင်းတစ်ချိန်လုံးဒါလုပ်ဖို့ပဲတွေးနေတာလား"
"တက် နေ ခွန်း"
ခွန်းကိုပြောမိတာတောင် နောင်တရချင်သလိုလို။ ကိုယ်ပြောလိုက်မှ လှိုင်းအသံကို ဆောင့်အော်
ချလိုက်တာ ကလေးတွေကတော့ နိုးတော့မှာ မြင်ယောင်သေးတယ်။ ခွန်း လှိုင်းပါးစပ်ကို လက်နှစ်ဖက်ဖြင့် အမြန်လှမ်းပိတ်ကာ ကလေးတွေရှိရာကို
မော်ကြည့်လိုက်မိသည်။